မီးသင်းသကြားအုပ် ပန်းသီးနှင့် ထန်းလျက်မြန်မာပီဇာ (Caramelize Apple with Jaggery Myanmar Dessert Pizza)

by Syi Lwin for Food Magazine

အနောက်တိုင်းနိုင်ငံများမှ ပီဇာကို မြန်မာမှုပြန်လည်ပြုလုပ်ထားတဲ့ အရသာဖြင့် အားလုံး ပြန်လည်လုပ်စားလို့ရအောင် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပီဇာဒိုးသားအတွက် (Crust)

အကုန်သုံးဂျုံနု –  ၁  ၁/၂ ခွက် (၁၈၅ ဂရမ်)

တဆေး –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း(Instanr Yeast 18 g)

ဆား –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ရေနွေးနွေး –  ၂/၃ ခွက် (၁၅၅ မီလီလီတာ)

အကုန်သုံးဂျုံ –  စားပွဲဇွန်း ၂ ဇွန်း

(ဒိုးသားနယ်ရင် စားပွဲအပေါ်မှာ ဖြူးရန်)

 

ပီဇာဆော့စ်အတွက် (Sauce)

ခရင်မ်ချိစ် –  ၂၂၅ ဂရမ်

ထန်းလျက်ရည်ပျစ်ပျစ် –  ၁/၄ ခွက်

အုန်းသီးခရင်မ်နို့ –  ၁ ခွက် – ၁ ၁/၄ ခွက်

ပီဇာပေါ်တင်ရန်အတွက် (Topping)

ထောပတ်အရည် –  စားပွဲဇွန်း ၃ ဇွန်း

ပန်းသီးစိမ်း –  ၁ လုံး (အခွံနွှာပြီး ခပ်ပါးပါးအရှည်လှီးထားပါ)

ပန်းသီးနီ –  ၁ လုံး (အခွံနွှာပြီး ခပ်ပါးပါးအရှည်လှီးထားပါ)

ဘလူးဘယ်ရီ –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

စပျစ်သီးခြောက် –  စားပွဲဇွန်း ၁ ဇွန်း

အုန်းသီးဖတ် –  ၁ ခြမ်း (လတ်ဆတ်အမျှင်လေးများ ခြစ်ထားပါ)

ထန်းလျက်ရည် –  ခွက် ၁/၂ ခွက်

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သစ်ကြံပိုးခေါက် –  ၁ ခေါက်

ချိစ်မှုန့် –  ကြိုက်နှစ်သက်ရာ ချိစ် နှစ်မျိုး လိုသလောက် သုံးနိုင်ပါတယ်

ထန်းလျက်ရည်အပျစ် –  လိုသလောက် (ပီဇာအပေါ်မှာ တင်ရန်)

ပြုလုပ်နည်း

ပီဇာဒိုးသားအတွက် (Crust)

၁။       အာဗင်ကို ၅၀ဝ  ဒီဂရီဖာရင်ဟိုက် (၂၆၀ ဒီဂရီ စင်တီဂရိတ်) ထားပြီး အပူပေးထားပါ။ ပီဇာ ဗန်းကို မကပ်တဲ့ ဆီစိမ်စက္ကူ တင်ထားပါ။

၂။       ဇလုံအကြီးထဲ ရေမှလွဲ၍ ပီဇာဒိုးလုပ်ရန် ပါဝင် ပစ္စည်းများအားလုံးထည့်ပြီး သေချာမွှေပါ။

၃။       ရေကို ဖြည်းဖြည်းချင်း ထည့်ပြီး နယ်ပါ။ ဒိုးသားစေးကပ်ပြီး လက်ကို မကပ်တော့တဲ့ အထိ နယ်ပါ။

၎။       မီးဖိုချောင်ကောင်တာပေါ်  အကုန်သုံးဂျုံ အနည်းငယ်ဖြူး၍ နယ်ထားတဲ့ ဒိုးသားတင် ပြီး ၅ မိနစ်ခန့် ထပ်၍နယ်ပါ။ လက်မှာကပ်နေ သေးလျှင် အကုန်သုံးဂျုံ အနည်းငယ် ထပ်၍ ထည့်ပြီး နယ်ပါ။

၅။       ဒိုးသားကို အလုံးလုံးပါ။ ပြီးလျှင် ဗန်းထဲ ဆီ အနည်းငယ်သုတ်ပြီး ဒိုးသားအပွစောင့်ရန် အဝတ်စိုဖြင့် အုပ်ထားပါ။

ပီဇာဆော့စ်လုပ်နည်း (Sauce)

၁။       ပီဇာဆော့စ်အတွက် ပါဝင်ပစ္စည်းများ အားလုံးကို ဖျော်စက်ထဲ ထည့်ပြီး မွှေပါ။ အားလုံးပျစ်ပြီး ချောညက်၍ ခရင်မ်နှစ်ကျ နေလျှင် ရပါပြီ။

ပီဇာအပေါ်တင်ရန် အဆာလုပ်နည်း

(Topping)

၁။       အိုးကြီးထဲ အရည်စစ်ထားသော ထန်းလျက် ရည်ထည့်ပါ။ ပြီးလျှင် ပါးပါးအရှည် လှီးထား သော ပန်းသီးနှစ်မျိုးစလုံးထည့်ပါ။ သစ်ကြံပိုး ခေါက်၊ ထောပတ်ရည်နှင့် ဆား များ ထည့်ပြီး မီးမျှဉ်းမျှဉ်းဖြင့် တည်ထားပါ။ ပန်းသီးပျော့အိ လာလျှင် ရပါပြီ။ ပျော့အိလာသော ပန်းသီး ဖတ်များကို ရေစစ်ထားပါ။

ပီဇာလုပ်နည်း (Making Pizza)

၁။       ပီဇာဒိုးသား ၁ လုံးချင်းစီ မီးဖိုချောင် ကောင်တာပေါ်မှာ ဂျုံမှုန့်အနည်းငယ်ဖြူးပြီး လက်ဖြင့် သေချာဖြန့်ပါ၊ ဒိုးသားကို မုန့်လှိမ့်တလိမ့်တုံးဖြင့် ပြန့်အောင်ဖြန့်ပါ။ ခပ်ပါးပါး ဒိုးသားလိုချင်လျှင် မုန့်လှိမ့်တလိမ့်တုံးဖြင့် ဖိ၍ ပိုပြန့်ပြီး ပါးအောင် ထပ်၍လှိမ့်ပါ။ ၁၀- ၁၅ စိတ်လောက် ရနိုင်သော အရွယ်ရောက်လျှင် ရပါပြီ။ ကျန်တဲ့ဒိုးသားများကိုလည်း ၎င်းနည်း အတိုင်း လုပ်ပါ။

၂။       ပီဇာဒိုးသားအစိုပေါ်မှာ ခရင်မ်ချိစ်ထန်းလျက် အနှစ်ရည် ဇွန်းခွက်ဖြင့် ၁  ၁/၂ ဇွန်းခန့် လောင်းတင်ပြီး ဇွန်းဖင်ခွက်ဖြင့် သေချာဖြန့်ပါ။ ပြီးလျှင် အရည်စစ်ထားသော ပန်းသီးဖတ်လေးများ ပီဇာချပ်ပေါ် သေချာတင်ပါ၊ စပျစ်သီးခြောက်၊ ဘလူးဘယ်ရီများ နေရာအပြန့်လိုက်တင်ပါ။ ပြီးလျှင် ထန်းလျက်အပျစ်အနည်းငယ် ပီဇာချပ်ပေါ် ဆမ်းပါ။ ပြီးလျှင် အုန်းသီးမှုန့်များ ဖြူးပြီး ချိစ်မှုန့်နှစ်မျိုးကို သေချာအနှံ့လိုက်တင်ပါ။ ပြီးလျှင် အပူပေးထားတဲ့အာဗင်ထဲ ထည့်ပြီး ၁၅-၂၀ မိနစ်ခန့် တည်ပါ။ ပီဇာ အထူအပါးပေါ်လည်း မူတည်ပါတယ်။ ချိစ်ပျော်တဲ့အထိဆိုလျှင် ရပါပြီ။ ပူပူလေး လိုသလို အစိတ် လေးတွေ လှီးထားပါ။ ပူပူလေးကို ကြိုက်နှစ်သက်ရာ ကော်ဖီ၊ လက်ဖက်ရည်၊ အအေးတို့နှင့် တွဲစားလို့ရပါတယ်။

Facebook Comments