မာလာကြက်ခြေထောက်သုပ်

by Myint Oo Tha for Food Magazine

          ကြက်ခြေထောက်ကို နူးနေအောင် ပြုတ်ပြီးမှ သုပ်ထားတဲ့ ကြက်ခြေထောက်သုပ်ပါ။ စီချွမ်းငရုတ်ဆီ မွှေးမွှေးလေးနဲ့ ချဉ်စပ်အရသာမို့ ကြိုက်နှစ်သက်ကြမှာပါ။ ကြက်ခြေထောက်ကို နူးအောင်ပြုတ်ဖို့တော့ လိုပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်ခြေထောက်  –  ၁၅ ချောင်း

ပဲငံပြာရည်အကျဲ  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်အပျစ်  –  စားပွဲဇွန်း ၂ ဇွန်း

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

အသုပ်သုပ်ရန် ဆော့စ်အတွက် ပါဝင်ပစ္စည်းများ

စီချွမ်းငရုတ်ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ရှလကာရည်  –  စားပွဲဇွန်း ၂ ဇွန်း

သခွားသီး  –  ၁ ခြမ်း

မြေပဲလှော်  –  စားပွဲဇွန်း ၂ ဇွန်း

နှမ်းလှော်  –  စားပွဲဇွန်း ၁ ဇွန်း

ချင်း  –  ၁၅ ဂရမ် (နုပ်နုပ်စဉ်းပါ)

ကြက်သွန်ဖြူ  –  ၂၀ ဂရမ် (နုပ်နုပ်စဉ်းပါ)

ကြက်သွန်မြိတ်  –  ၂ ပင် (ပါးပါးလှီးပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

စီချွမ်းငရုတ်ကောင်းစေ့ကြော် (ဆီ + စီချွမ်းငရုတ်ကောင်းစေ့)

ပြုလုပ်နည်း

၁။       ကြက်ခြေထောက်ကို သန့်ရှင်းအောင်ဆေးပြီး ရေစစ် ထားပါ။ ခြောက်သွေ့အောင် Kitchen Paper ဖြင့် သုတ်ပါ။

၂။       ပြီးလျှင် ပဲငံပြာရည် ၂ မျိုးနဲ့ နယ်ပါ။

၃။       ပြီးလျှင် ဆီအိုးတည်ပြီး ကြက်ခြေထောက်ကို ကြော်ပါ။ နီညိုရောင်သန်းလျှင် ရေထည့်ပြီး နူးအောင် ပြုတ်ပါ။

၎။       သခွားသီးကို ထက်ခြမ်းခြမ်းပြီး ပါးပါးလှီးပါ။

၅။       စီချွမ်းငရုတ်ကောင်းစေ့ကို ဆီနည်းနည်းဖြင့် မွှေးလာအောင် ကြော်ထားပါ။

၆။       ပန်းကန်လုံးကြီးတစ်လုံးထဲ စီချွမ်းငရုတ်ဆီ၊ ရှလကာရည်၊ သခွားသီး၊ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ စီချွမ်းငရုတ်သီးကြော်၊ ပဲငံပြာရည်၊ ဆားနှင့် ရေ နည်းနည်းထည့်ပြီး သမအောင် မွှေထားပါ။

၇။       ပြီးလျှင် နီညိုရောင်သန်းပြီး ပွလာတဲ့ ကြက်ခြေထောက်ထည့်ပြီး မွှေပါ။

၈။       ပြီးလျှင် မြေပဲလှော်၊ နှမ်းဖြူးပြီး သုံးဆောင်ပါ။

Facebook Comments