မာလာဖူးငါးပတ်ချဉ်စပ်ဟင်း

by Myint Oo Tha for Food Magazine

          ညောင်လေးပင်က မိတ်ဆွေတစ်ယောက် ပြောပြလို့ ဒီဟင်းချက်နည်းလေးကို သိရတယ်။ ပြီးတော့ အိမ်မှာ ပြန်ပြီးချက်စား ဖြစ်တယ်။ ချဉ်စပ်ဟင်းဆိုတော့ မလေးရှားငါးချဉ်စပ်ဟင်းနဲ့ သွားပြီး ဆင်တယ်။ မလေးရှားမှာက Wild Ginger Flower ပန်းရောင်ထည့်ပြီး ချက်တယ်။ မန်ကျည်းရည်ထည့်တာလည်း တူတယ်။ ဒီမှာက မာလာဖူးနဲ့ချက်တယ်။ မာလာဖူးဆိုတာကလည်း Wild Ginger Flower တစ်မျိုးပါပဲ။ အစိမ်းနုနဲ့ ခရမ်းရောင် နှစ်ရောင်ရှိပါတယ်။ မာလာဖူးက ဝါးလိုက်ရင် နနွင်းဖူးရဲ့ အနံ့ အရသာနဲ့တူတယ်။ အဲဒီ ဟင်းလေးက ချဉ်စပ်ဟင်းဆိုတော့ ထမင်းမြိန်စေပါတယ်။

ပါဝင်ပစ္စည်းများ

ငါးပတ်  –  ၄၅၀ ဂရမ် (အတုံးကြီးကြီး တုံးထားပါ)

မာလာဖူး  –  ၁၂၀ ဂရမ်

နံနံပင်  –  ၅ ပင်

ငရုတ်သီးစိမ်း  –  ၁၅ တောင့်

မန်ကျည်းရည်  –  စားပွဲဇွန်း ၄ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ  –  စားပွဲဇွန်း ၅ ဇွန်း

ရေ  –  ၂၀ဝ မီလီလီတာ

အနှစ်အတွက် ထောင်းရန်လိုအပ်တာတွေကတော့-

ကြက်သွန်နီ  –  ၁၃၀ ဂရမ်

ကြက်သွန်ဖြူ  –  ၃၀ ဂရမ်

ငရုတ်သီးအတောင့်ပွ  –  ၂၀ ဂရမ် (ပြုတ်ပြီး အစေ့ထုတ်ထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဦးစွာ အနှစ်အတွက် လိုအပ်တဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးနှင့် နနွင်းမှုန့်တို့ကို ရောပြီး ထောင်းပါ။

၂။       ပြီးလျှင် ထောင်းထားတဲ့အနှစ်ကို ဆီ သတ်ပါ။ မွှေးလာသည်နှင့် ငါးကို ထည့်ပြီး မွှေပေးပါ။

၃။       မန်ကျည်းရည်နှင့် ရေထည့်ပါ။ ရေဆူလျှင် ငံပြာရည်၊ အသားမှုန့်ထည့်ပြီး ချက်ပါ။

၎။       ငါးကျက်ခါနီးလောက်မှာ မာလာဖူးထည့်ပြီး ချက်ပါ။

၅။       ငါးကျက်ပြီဆိုသည်နှင့် နံနံပင် ပါးပါးလှီးထည့်ပြီးလျှင် ငရုတ်သီးစိမ်းကို နှစ်ခြမ်း ခြမ်းပြီး ထည့်ပါ။

၆။       ဒါဆိုလျှင် မာလာဖူးငါးချဉ်စပ်ဟင်း အဆင်သင့်ဖြစ်ပါပြီ။

www.facebook.com/Myint Oo Tha

Facebook Comments