မာစကပ် >> ပြောင်းဖူးမှုန့်ဟာလဝါ (Cornflour Halwa>>Karachi Halwa)

by Sofia for Food Magazine

          အိန္ဒိယအချိုပွဲတစ်ပွဲဖြစ်တဲ့ အဲဒီဟာလဝါလေးက ပြုလုပ်ရလွယ်ကူပြီး အရသာလည်း အလွန်ကောင်းပါတယ်။ ရိုးရာပွဲနှင့် ပျော်ပွဲရွှင်ပွဲ မိတ်ဆုံစားပွဲတွေမှာ ထူးထူးခြားခြားလေး တည်ခင်းနိုင်မယ့် အချိုပွဲလေး ဖြစ်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ပြောင်းဖူးမှုန့်  –  ၁၀ဝ ဂရမ်

သကြား  –  ၅၀ဝ ဂရမ်

ရေ  –  ၅၀ဝ မီလီလီတာ + ၇၅၀ မီလီလီတာ

ထောပတ်  –  စားပွဲဇွန်း ၄ ဇွန်း

ဖာလာစေ့  –  ၂ စေ့

အရောင်  –  လိမ္မော်၊ အနီ

သီဟိုဠ်စေ့  –  ၅၀ ဂရမ်

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ သကြားနှင့် ရေ ၅၀ဝ မီလီလီတာထည့်ပြီး ကျိုပါ။ ဖာလာစေ့ ထည့်ပါ။

၂။       ခွက်တစ်ခွက်ထဲ ပြောင်းဖူးမှုန့်နှင့် ရေ ၇၅၀ မီလီလီတာကို ဖျော်ထားပြီး အရောင်ထည့်ထားပါ။

၃။       သီဟိုဠ်စေ့ကို သေးသေးနုပ်နုပ် စိတ်ထားပါ။

၎။       သကြားများ အရည်ပျော်ပြီး ဆူပွက်လာပါက မီးပိတ်ပြီး အသင့်ဖျော်ထားသော ပြောင်းဖူးမှုန့်အရည်ကို ဖြည်းဖြည်းချင်းထည့်ပြီး မွှေပါ။ တစ်ဖက်က ထည့်ပြီး တစ်ဖက်က မွှေပါ။ မကပ်သည့်အိုးကို အသုံးပြုပါ။

၅။       မီးပြန်ဖွင့်ပြီး ပြောင်းဖူးနှစ်များ လုံးခဲမဖြစ်သွားအောင် အဆက်မပြတ်မွှေပေးပြီး ပျစ်ခဲလာပါက ထောပတ်နှင့် သီဟိုဠ်စေ့စိတ်ထားသည်ကို ထည့်၍ သမအောင် မွှေပါ။

၆။       ဆီပြန်လုံးလာပါက ဆီသုတ်ထားသောဗန်းထဲ လောင်းထည့်၍ မျက်နှာပြင်ညီအောင် ပြုလုပ်ပြီး အအေး ခံထားပါ။

၇။       အေးသွားပါက လိုသလို လှီးဖြတ်တည်ခင်းသုံးဆောင်နိုင်ပါပြီ။

**      ရေခဲသေတ္တာထဲ တစ်ပတ်ခန့်ထားပြီး တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Facebook Comments

Menu