မန်ကျည်းသီးစိမ်းငရုတ်သီးထောင်း ချဉ်စပ်နှင့် ပဲကြာဆံသုပ် (Bean Vermicelli with Tamarind Salad)

by Syi Lwin Foods Garden for Food Magazine

          လွယ်ကူလျင်မြန်ပြီး ပါဝင်ပစ္စည်း မများတာကြောင့် စည်ကိုယ်တိုင်လည်း အလုပ်မအားတဲ့နေ့တွေမှာ သုပ်စားဖြစ်ပါတယ်။ အားလုံးသုပ်စားလို့ရအောင် သုပ်နည်းလက်ရာကို ပြန်ပြီးမျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲကြာဆံ  –  ၁ ထုပ် ( ၅၀ဝ ဂရမ်၊ ရေဖြောထားပါ)

မန်ကျည်းသီးစိမ်း ငရုတ်သီးထောင်း  –  စားပွဲဇွန်း ၁ ဇွန်း

မုန်လာဥနီ  –  ၁ ပိုင်း (အမျှင်ပါးပါးခြစ်ထားပါ)

ပူဒီနာ  –  ၃ ပင် (အရွက်ြွေခပြီး ခပ်ကြမ်းကြမ်း လှီးထားပါ)

နံနံပင်  –  ၂ ပင် (အရွက်မျာြးွေခထားပါ)

ဂေါ်ဖီ  –  ၂ ဖတ် (အရှည်ပါးပါးလှီးထားပါ)

ငံပြာရည်  –  စားပွဲဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

သံပရာသီး  –  အချဉ်စူးတာကြိုက်လျှင် သံပရာရည် ထည့်လို့ရပါတယ်။

ပြုလုပ်နည်း

          ဖန်ဇလုံအကြီးထဲ ပဲကြာဆံနှင့် ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး သေချာနှံ့အောင် လက်ဖြင့်နယ်ပါ။ သံပရာရည်ကို လိုသလောက်ညှစ်ထည့်ပါ။ ဆားမြည်းပြီး ကိုယ့်စိတ်တိုင်းကျ အရသာဖြစ်အောင် လိုတာထပ်ဖြည့်နိုင်ပါတယ်။ ပြီးလျှင် ချက်ချင်းသုံးဆောင်ပါ။

Facebook Comments