ဘုံဘေကြက်သားဒံပေါက် (Bombay Chicken Biryani)

kth_2

kth_3

kth_4

kth_5

ဘုံဘေကြက်သားဒံပေါက် (Bombay Chicken Biryani)

            ဒံပေါက်မဆလာဝယ်တော့ ရလာတဲ့နည်းလေးကို အခြေခံပြီး ပြန်လည်ဆန်းသစ် ချက်ပြုတ်ပေးထား ပါတယ်။

►   ပါဝင်ပစ္စည်းများ (၁ဝ ယောက်)

♦   ဘာစမာတီဆန် (သို့)   –   ၅ဝဝ ဂရမ် (ဆေးထားပါ)

     ပေါ်ဆန်းမွှေးဆန် (ရေ ၄ လီတာထဲကို သစ်ကြံပိုးခေါက်၊ နာနတ်ပွင့်နှင့် ဆားခတ်ပြီး ပွက်ပွက်ဆူအောင် တည်ပြီးမှ ဆန်ထည့်ပြီး (မိနစ်ခန့်)အကြာမှာ ဆန်ခါတစ်ခုနှင့် ဆန်များကိုစစ်ထားပါ။)

♦   ကြက်သွန်နီ   –   ၃ဝဝ ဂရမ် (၃ လုံး) (ပါးပါးလှီးပြီး)

♦   ဆီ   –   ၁၅ဝ မီလီ

♦   ခရမ်းချဉ်သီး   –   ၃ဝဝ ဂရမ် (၄ လုံးခန့်) (အတုံးတုံးပြီး)

♦   အာလူး   –   ၂၅ဝ ဂရမ် (၂ လုံးခန့်) (၄ စိတ် လှီးထားပါ)

►   အသားနယ်ထားရန်

♦   ကြက်သားပေါင်သား   –   ၂ ကီလို

♦   ကြက်သွန်ဖြူထောင်းထားပြီးအနှစ်   –   စားပွဲဇွန်း ဇွန်း

♦   ချင်းထောင်းပြီးအနှစ်   –   စားပွဲဇွန်း ၂ ဇွန်း

♦   ဘုံဘေဒံပေါက်မဆလာ   –   စားပွဲဇွန်း ၄ ဇွန်း

♦   ဒိန်ချဉ်   –   ၂ဝဝ ဂရမ် ( ၁ခွက်) (အထက်ပါအားလုံးရောနယ်ထားပါ)

►   ထမင်းနှပ်ချိန်သုံးရန်

♦   Saffron   –   လက်ဖက်ရည်ဇွန်း ၁ ဝက်

♦   နို့စိမ်း   –   လက်ဖက်ရည်ဇွန်း ၅ ဇွန်း

♦   ထောပတ်   –   လက်ဖက်ရည်ဇွန်း ၅ ဇွန်း

►   ပြုလုပ်နည်း

၁။        ကြက်သွန်နီများကို ရွှေဝါရောင်သန်းလာသည်အထိ ကြော်ထားပါ။ ခရမ်းချဉ်သီးနှင့် အားလူးများ ထည့်မွှေပေးပြီး ဆီပြန်ပြီး အနှစ်ကျသည်အထိ တည်ထားပါ။

၂။        နယ်နှပ်ထားသောအသားများထည့် ရေ ၂ ခွက်ပါထည့်ပြီး ၁ဝ မိနစ်ခန့် မွှေပေးပါ။ မီးလျှော့ပေးပြီး အသားများနူးသည်အထိ အဖုံးအုပ်တည်ပေးပါ။ အသားနူးကာနီးတွင် မီးတင်ပေးပြီး ဆီပြန်လာသည်အထိ ဆက်တည်ထားပါ။

၃။        ဒံပေါက်ထမင်းချက်မည့်အိုးထဲတွင် ရေစစ်ထားသောထမင်းတစ်ဝက်ကို အရင်ခင်းပြီး ချက်ပြီးသားကြက်သားများကို လောင်းထည့်ပေးပါ။ အပေါ်မှ ကျန်ထမင်းများအုပ်ပေးပြီး၊ Saffron နှင့် နို့စိမ်းအရောနှင့် ထောပတ် အနည်းငယ် ဖြန့်လောင်းပေးပါ။ အဖုံးအုပ်ပြီး ထမင်းနပ်သည်အထိ နှပ်ပါ။ (ဒီအဆင့်ကို ထမင်းပေါင်းအိုးနဲ့ လုပ်လို့ရပါတယ်)

 www.facebook.com/MY FOODIES (mm)

Facebook Comments