ဘာလီအအေး (Barley Drink)

by Sofia for Food Magazine

          ယခုလို ပူအိုက်တဲ့ရာသီမှာ အထူးသင့်လျော်တဲ့ ဘာလီအအေးလေးပါ။ ပြုလုပ်ရ လွယ်ကူပြီး ကျန်းမာရေးအတွက် များစွာအထောက်အကူ ဖြစ်စေတဲ့ ဗီတာမင်များစွာ ပါဝင်တဲ့အတွက် သောက်သုံးသင့်တဲ့ အအေးလည်းဖြစ်ပါတယ်။ စင်ကာပူရှိ အအေးရောင်းချသော ဆိုင်အတော်များများမှာတော့ ရောင်းချလေ့ရှိပါတယ်။ ရင်တွင်းအေးစေပြီး ကိုယ်အလေးချိန်လျှော့ချလိုသူများအတွက်လည်း သင့်တော်တဲ့ဖျော်ရည်လေးဖြစ်လို့ လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ဘာလီစေ့  –  ၁ ခွက် (ဆန်ချိန်ခွက်)

ရေ  –  ၄ ခွက် ++

သံပရာသီး

သကြားခဲ (Rock Sugar)/ပျားရည်

တရုတ်ဆီးသီး (Optional)

ပြုလုပ်နည်း

၁။       ဘာလီစေ့ကို ရေဆေးသန့်စင်ပြီး ၄ နာရီခန့် ရေစိမ်ထားပါ။

၂။       ရေစိမ်ထားသော ဘာလီစေ့ကို ရေဆေး၊ ရေစစ်ပြီး အိုးထဲထည့်ပါ။ ရေ ၄ ခွက်ခန့် ထည့်ပြီး အဖုံးအုပ်ကာ နူးအိသည်အထိ တည်ပေးပါ။ (တရုတ်ဆီးသီးထည့်လိုက ထည့်ပြုတ်ပါ)

၃။       နူးအိပါက အချိုအတွက် သကြားခဲ၊ သကြား (သို့) ပျားရည်ထည့်ပြီး အပျစ်အကျဲ လိုသလို ပြုပြင်ပေးပါ။

၎။       မိမိနှစ်သက်သော အနေအထားရပါက မီးဖိုမှချပြီး အအေးခံထားပါ။

၆။       အေးသွားပါက သံပရာသီးညှစ်လိုက ညှစ်ပေးပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

*        တစ်နေ့ ၂ ခွက်ခန့် သောက်သုံးခြင်းဖြင့် ဆီးနှင့်ပတ်သက်သောရောဂါများ သက်သာပျောက်ကင်းစေပါတယ်။

*        ရင်တွင်းအပူကို အေးစေလို့ အပူနားမှာ လုပ်ကိုင်နေရသောသူများအတွက် နေ့စဉ် သောက်သုံးပေးရန် သင့်တော်ပါတယ်။

Facebook Comments