
5 - December - 2018
by Syi Lwin Foods Garden for Food Magazine
ကြက်အူကြိုက်ကြသူများအတွက် ကြက်အူဟင်းကောင်းလေး တစ်ခွက် စားနိုင်စေရန် ရည်ရွယ်ပြီး ပုံစံတစ်မျိုးလေးနဲ့ တင်ဆက် ပေးလိုက်ပါတယ်။ ချက်စားကြည့်လိုက်နော်။
ပါဝင်ပစ္စည်းများ
ကြက်အူ – ၃၀ ကျပ်သား
ခရမ်းချဉ်သီး – ၃ လုံး (အတုံးသေးများ တုံးထားပါ)
ငရုတ်သီးခွဲကြမ်း – လက်ဖက်ရည်ဇွန်း ၂ ၁/၂ ဇွန်း
ဆား – အနည်းငယ်
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပုစွန်ငံပြာရည် – စားပွဲဇွန်း ၁ ဇွန်း
နေကြာဆီ – စားပွဲဇွန်း ၅-၆ ဇွန်း (ဟင်းဆီသတ်ရန်)
ပျဉ်းတော်သိမ်ရွက် – ၃ ပင် (အရွက်များ ခြွေထားပါ)
ကြက်သွန်နီ – ၅ လုံး (ထောင်းထားပါ)
ကြက်သွန်ဖြူ – ၅ မြွှာ (ထောင်းထားပါ)
ချင်း – လက်တစ်ဆစ် (ထောင်းထားပါ)
မန်ကျည်းအနှစ် – အနည်းငယ်
ပြုလုပ်နည်း
၁။ ကြက်အူကိုခွဲ၍ မန်ကျည်းအနှစ်ရည်နှင့် နာနာဆုပ်နယ်ပြီး အချွဲများကို ရေစင်အောင်ဆေးပါ။ ပြီးလျှင် ကြက်အူကို အနေတော် လက်သုံးဆစ်လောက်လေးတွေ လှီးထားပါ။ ဆား၊ နနွင်းမှုန့်နှင့် ငံပြာရည်တို့ကို အနည်းငယ်ထည့်ပြီးနယ်ကာ နှပ်ထားပါ။
၂။ ထောင်းထားသော ကြက်သွန်နီ/ဖြူ၊ ချင်း၊ ပျဉ်းတော်သိမ်ရွက်၊ ငရုတ်သီးခွဲခြမ်း၊ နနွင်းမှုန့်၊ နေကြာဆီနှင့် ပုစွန်ငံပြာရည်တို့ကို ဆီသတ်ပါ။ အနံ့လေးမွှေးပြီး အရောင်လှလာလျှင် ခရမ်းချဉ်သီးထည့်ပြီး ဆီသတ်ပါ။ ခရမ်းချဉ်သီးပျော်လာပြီး ဆီပြန်လာလျှင် ရပါပြီ။
၃။ ခရမ်းချဉ်သီးအနှစ်ထဲ ကြက်အူများရောထည့်ပြီး မွှေပါ။ အနှစ်ဖြင့် နှံ့အောင် သေချာမွှေပေးပါ။ ၅ မိနစ်ခန့် အနှစ်ဖြင့် နှပ်ပြီးလျှင် ကြက်အူကို ရေမြုပ်အောင် ထည့်ပြီး တည်ပါ။
၎။ ရေခန်းပြီး ဆီပြန်လာလျှင် ဆားမြည်းပြီး လိုအပ်တာ ထပ်ဖြည့်နိုင်ပါတယ်။