ပုံလုံသီးနှင့် ရွှေဖရုံသီးချဉ်စပ်ဟင်း

by Myint Oo Tha for Food Magazine

          ရွှေဖရုံသီးမကြိုက်တဲ့သူတွေတောင် ဒီဟင်းကို ကြိုက်ကြမှာပါ။ သောက်ဆမ်းပုံစံလေးမို့ ဒီဟင်းတစ်ခွက်နဲ့ပဲ ထမင်းစားလို့ ရနေပါပြီ။ ရွှေဖရုံသီးချိုချိုလေးနဲ့ ပုံလုံသီးပါ ရောချက်ထားလို့ နောက်ထပ်ဟင်းရွက်ကြော်တောင် မလိုတော့ပါဘူး။

ပါဝင်ပစ္စည်းများ

ပုံလုံသီး  –  ၄၂၀ ဂရမ် (သန့်ရှင်းပြီး ၁ လက်မအရွယ် အရှည်ဖြတ်ထားပါ)

ရွှေဖရုံသီး  –  ၄၅၀ ဂရမ်  (အခွံနွှာပြီး အနေတော်အရွယ် တုံးထားပါ)

ငါးကြင်း  –  ၃၀ဝ ဂရမ်

မန်ကျည်းရည်  –  စားပွဲဇွန်း ၃ ဇွန်း

နံနံပင်  –  ၃ ပင်

ငရုတ်သီးစိမ်း  –  ၁၀ တောင့်

ရေ  –  ၆၀ဝ မီလီလီတာ

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

အသားမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

အနှစ်အတွက် ထောင်းရန် လိုအပ်တာတွေကတော့-

ကြက်သွန်နီ  –  ၁၂၀ ဂရမ်

ကြက်သွန်ဖြူ  –  ၂၀ ဂရမ်

ငရုတ်သီးမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ငရုတ်သီးတို့ကို ကြေညက် အောင် ထောင်းထားပါ။

၂။       ပြီးလျှင် ထောင်းထားတဲ့ အနှစ်ကို ဆီသတ်ပါ။ ပြီးလျှင် ငါးနှင့် ရွှေဖရုံသီးထည့်ပြီး မွှေပေးပါ။

၃။       ရေထည့်ပြီး ဆူအောင် တည်ထားပါ။ ရေဆူသည်နှင့် ငံပြာရည်၊ အသားမှုန့်ထည့်ပြီး ချက်ပါ။

၎။       ပြီးလျှင် မန်ကျည်းရည်ထည့်ပါ။ အဆင်သင့်လှီးထားတဲ့ ပုံလုံသီးထည့်ပြီး ချက်ပါ။

၅။       ရွှေဖရုံသီးနူးလျှင် နံနံပင်၊ ငရုတ်သီးစိမ်းခတ်ပါ။ ဟင်းရည်ပျစ်ပျစ်လေးနဲ့ ချဉ်စပ်ဟင်းလေး ရပါပြီ။

www.facebook.com/Myint Oo Tha

Facebook Comments