ပုံစံမျိုးစုံ တိုဟူးကြော် (Assorted Tofu Fried)

by Syi Lwin Foods Garden for Food Magazine

          အဲဒီတိုဟူးက စားရတာ အလွန်အရသာရှိပြီး အာဟာရလည်း ဖြစ်စေပါတယ်။ ကိုယ်တိုင်ကျိုမယ်ဆိုလျှင်တော့ အားကောင်းမှ ဖြစ်မှာပါ။ နောက်မို့ဆို လက်ညောင်းပါတယ်။ အဲဒီတော့ ဈေးထဲက ကျိုပြီးသား တိုဟူးဝယ်ပြီး ပုံစံမျိုးစုံလှီးကာ ကြော်စားကြည့်ပါ။

ပါဝင်ပစ္စည်းများ

ရှမ်းတိုဟူး  –  ၂၅ ကျပ်သား

ဆားကြမ်း  –  အနည်းငယ်

အသီးအနှံဆီ  –  တိုဟူးကြော်ရန် (လိုသလောက်)

ပြုလုပ်နည်း

၁။       အသင့်လုပ်ပြီးသား တိုဟူးကို ကိုယ်လိုချင်သော ချစ်စရာပုံစံရ အောင် ပုံစံပုံဖော်တဲ့ ဓားခွက်လေးများဖြင့် လိုချင်သောပုံစံ ရအောင်လှီးပါ။ တိုဟူးကို အာလူးချောင်းလို အချောင်းလေးတွေ လှီးပါ။ တိုဟူးတုံးလေးများကို ဘေးဘက်နားလေးတွေမှာ ဓားရာလေးပေးပြီး ဆားအနည်းငယ်ဖြူးပြီးကြော်လို့ရပါပြီ။

၂။       တိုဟူးကြွပ်ကြွပ်ရွရွရအောင် ဆီများများထည့်ပြီး ဆီပူမှ တိုဟူးများကို ထည့်ကြော်ပါ။ ကြော်ပြီးလျှင် ကြိုက်နှစ်သက်ရာ အချဉ်ရည်ကောင်းကောင်းဖြင့် ချက်ချင်းစားပါ။

Facebook Comments