ပဲပြား ကြံမဆိုင်ကြော်

by Ko Thit Htoo for Food Magazine

          ဒီတစ်ခေါက် ဝါတွင်းအတွက် သက်သတ်လွတ်ဟင်းလျာများများကို တီထွင်ဖန်တီး ပြီး တင်ဆက်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲပြား  –  ၁ တုံး

ကြွက်နားရွက်မှို  –  အနည်းငယ်

ကြံမဆိုင်  –  ၁ ထုပ်

ဆီ  –  ထမင်းစားဇွန်း ၂ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၄ မြွှာ

ချင်း  –  လက် ၁ ဆစ် (ပါးပါးလှီးပြီး)

ငရုတ်ပွရှည်အနီတောင့်  –  ၁ တောင့်

ပဲငံပြာရည်  –  ထမင်းစားဇွန်း     ၁ ဇွန်း

အသီးအရွက်ဟင်းခတ်မှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       ပဲပြားများကို အနေတော်အတုံးလေးတွေ တုံးထားပြီး ဆီပူမှာ အပြင်ကြောတင်းလာရုံ လှိမ့်ကြော်ပါ။

၂။       ကြော်ပြီးသား ပဲပြားများကို ဖယ်ပြီး ကြက်သွန်ဖြူနဲ့ ချင်းများကို ရနံ့မွှေးလာသည်အထိ ဆီသတ်ပါ။ ကြွက်နားရွက်မှိုများ၊ ငရုတ်ပွနီများထည့်ပြီး ကြော်ပြီးသား ပဲပြားများနှင့် ကျန်ပါဝင်ပစ္စည်းများထည့်ကာ နှံ့စပ်အောင် မွှေပြီးလျှင် ချက်ပြုတ်ခြင်းကို အဆုံးသတ်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments