ပဲပြား ပဲငါးပိချိုဟင်းလျာ

by အံ့ဝင့်ထွဋ် for Food Magazine

အဲဒီဟင်းလျာလေးက သက်သတ်လွတ်စားချင်သူများ အတွက် သင့်တော်တဲ့ ဟင်းလျာလေးပါ။ လွယ်ကူ၍ အရသာ လည်းရှိပြီး အာဟာရလည်းရှိတဲ့ ဟင်းလျာလေးပဲ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲပြားကြော်ရန်

ပဲပြား –  ၁ တုံး

ကော်မှုန့် –  စားပွဲဇွန်း ၃ ဇွန်း

ဟင်းအနှစ်ချက်ရန်

ပဲငါးပိချို –  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ –  ၄ မြွှာ

ကြက်သွန်နီ –  ၁ လုံး

နှမ်း –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်မြိတ် –  အနည်းငယ်

ဆား –  အနည်းငယ်

ပဲငံပြာရည်အကြည် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အနောက် –  စားပွဲဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ဆီ –  စားပွဲဇွန်း ၂ ဇွန်း

ကော်မှုန့် –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ပဲပြားကို အနေတော်အတုံးတုံး၍ ကော်မှုန့်ကပ်ပြီး ဆီပူပူ မှာြွကပ်တဲ့အထိ ကြော်ပါ။

၂။       ဟင်းအနှစ်ချက်ရန်အတွက် ကြက်သွန်ဖြူ/နီကို နုပ်နုပ် စဉ်းပြီး ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ပဲငါးပိချို၊ ပဲငံပြာ ရည် (အကြည်၊ အနောက်) နှင့် အရသာများ ထည့်ပါ။

ရေကို လိုအပ်သလို ထည့်ပေးပါ။

၃။       အနှစ်ရပြီဆိုလျှင် ကြော်ထားပြီးသား ပဲပြားများ ထည့်ပြီး နှပ်ထားပါ။

၎။       နှမ်းအနည်းငယ်ထည့်ပါ။ အရသာ အနေတော်ဖြစ်ပြီဆို လျှင် ကော်ရည် အနည်းငယ်ထည့်ပြီး နုပ်နုပ်စဉ်းထားတဲ့ ကြက်သွန်မြိတ် ဖြူးထည့်၍ ပန်းကန်မှာပြင်ပြီး သုံးဆောင် နိုင်ပါပြီ။

Facebook Comments

Menu