ပဲပြားစတူး

by အံ့ဝင့်ထွဋ် for Food Magazine

ပါဝင်ပစ္စည်းများ

ပဲပြား  –  ၂ တုံး

ကြက်သွန်ဖြူ  –  ၃ မြွှာ

ကော်မှုန့်  –  စားပွဲဇွန်း ၅ ဇွန်း

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆား  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

နာနတ်ပွင့်  –  ၇ ပွင့်

ခရုဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည် အနောက်  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည် အကြည်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ရေ  –  ၆၀ဝ မီလီလီတာ

ကြက်သွန်မြိတ်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ပဲပြားကို အနေတော်အတုံးများတုံးပြီး ကော်မှုန့်ဖြင့် ကပ်ပေးပါ။ ပြီးလျှင် ဆီပူပူမှာ ကြွပ်အောင် ၃ မိနစ်ခန့် ကြော်ပါ။

၂။       ပြီးလျှင် ဆယ်ယူပြီး ဆီစစ်ထားပါ။

၃။       ကြက်သွန်ဖြူကို ဆီ စားပွဲဇွန်း ၁ ဇွန်းဖြင့် ဆီသတ်ပါ။ နာနတ်ပွင့်ထည့်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ခရုဆီနှင့် ကျန်သည့်ပါဝင်ပစ္စည်းများ၊ အရသာများနှင့် ရေကို ထည့်ပါ။

၎။       အနံ့မွှေးပြီး ရေဆူလာပြီဆိုလျှင် ကြော်ထားတဲ့ ပဲပြားများ ထည့်ပါ။

၅။       မီးလျှော့ပြီး မိနစ် ၂၀ ခန့် တည်ထားပါ။

၆။       အနံ့လည်း မွှေးလာပြီ၊ Sauce လည်း ပျစ်လာပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး ကြက်သွန်မြိတ်ဖြူးကာ သုံးဆောင်နိုင်ပါပြီ။

Facebook Comments