ပဲခြမ်းကြော်သုပ်

by Meemeetofu for Food Magazine

          ပဲခြမ်းကြော်ကို ဘယ်လိုသုပ်စားကြသလဲလို့ မိတ်ဆွေအပေါင်းအသင်းတွေကို မေးရင် မမီးတို့အဖေ သုပ်ကျွေးဖူးတာနဲ့ဆင်တူတာ တစ်ခါမှ မတွေ့ဖူးသေးပါဘူး။ လွယ်ကူပြီး ရိုးရှင်းပေမယ့် မသိသူတွေများတာကြောင့် သုပ်နည်းလေး ရေးဖြစ်သွားပါတယ်။ သူငယ်ချင်းတွေနဲ့ ဝိုင်းဖွဲ့စားမလား၊ ထမင်းကြမ်းခဲလေးနဲ့ အဆာပြေစားမလား။ အလျင်အမြန် ဖန်တီးနိုင်တဲ့ အသုပ်လေးပါရှင်။

ပါဝင်ပစ္စည်းများ

ပဲခြမ်းကြော် (ကြွပ်ကြွပ်ရွရွလေး)  –  ၁ ပန်းကန်စာ

ကြက်သွန်နီ  –  ၁ လုံး

ငရုတ်သီးစိမ်း (စပ်စပ်)   –  ၅-၆ တောင့်

ကုလားလေး မဆလာ  –  အနည်းငယ်

သံပရာသီး  –  ၁ စိတ်

ပဲငံပြာရည်အပျစ် (အချို)

ဆား  –  အနည်းငယ်

ဆီစိမ်း  –  အနည်းငယ်

သုပ်နည်း

၁။       ကြက်သွန်နီကို ပါးပါးလှီးပြီး ရေဆေးထားပါ။

၂။       ငရုတ်သီးစိမ်းကိုလည်း ပါးပါးလှီးပါ။

၃။       ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်ခုမှာထည့်၊ သံပရာရည်လေးညှစ်ကာ နယ်ပြီးရင်တော့ ရေနွေး ကြမ်းလေးနဲ့စားလို့ကောင်းတဲ့ ချိုချဉ်စပ်မွှေး ပဲခြမ်းကြော်သုပ်လေး ရပါပြီရှင်။

Facebook Comments