ပဲလိပ် ပဲငါးပိအစပ်ဟင်းလျာ

by အံ့ဝင့်ထွဋ် for Food Magazine

အဲဒီဟင်းလျာလေးက သက်သတ်လွတ်ကြိုက်နှစ်သက်တဲ့သူများအတွက် ဟင်းလျာလေးပါ။ အရသာလည်းရှိပြီး လွယ်ကူရိုးရှင်းတဲ့ ဟင်းလျာလေးပါ။

ပါဝင်ပစ္စည်းများ

ပဲလိပ် –  အနည်းငယ်

ပဲငါးပိ –  စားပွဲဇွန်း ၃ ဇွန်း

ခရမ်းချဉ်သီး –  ၁ လုံး

ကြက်သွန်ဖြူ –  ၄ မြွှာ

ကြက်သွန်နီ –  ၂ လုံး

ငရုတ်သီး –  ၅ တောင့်ခန့်

နံနံပင် –  အနည်းငယ်

ဆီ –  စားပွဲဇွန်း ၃ ဇွန်း

ငရုတ်နှစ် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့် –  အနည်းငယ်

ဆား –  အနည်းငယ်

သကြား –  အနည်းငယ်

ငရုတ်ကောင်းမှုန့် –  အနည်းငယ်

ပြုလုပ်နည်း

၁။       ပဲလိပ်ကို ပျော့သွားအောင် ရေစိမ်ထားပါ။

၂။       ကြက်သွန်ဖြူ/နီကို ထောင်းပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။

၃။       အနံ့မွှေးလာပြီဆိုလျှင် ငရုတ်နှစ်ထည့်ပါ။ နုပ်နုပ်စဉ်းထားတဲ့ ခရမ်းချဉ်သီး ထည့်ပါ။

၎။       အရသာများနှင့် ပဲငါးပိထည့်ပါ။ ရေကို လိုအပ်သလို ထည့်ပါ။

၅။       ရေစိမ်ထားသော ပဲလိပ်များထည့်ပါ။ ငရုတ်သီးကို တစ်ခြမ်းခြမ်းပြီး ထည့်ပါ။

၆။       အရသာအနေတော်ဖြစ်ပြီဆိုလျှင် နံနံပင်ထည့်၍ ပန်းကန်မှာပြင်ပြီး သုံးဆောင် နိုင်ပါပြီ။

Facebook Comments