ပဲယို (Bean Paste)

by Sofia for Food Magazine

          အချိုမုန့်အမျိုးမျိုးပြုလုပ်ရာမှာ အသုံးဝင်လှတဲ့ ပဲယိုလုပ်နည်းလေးဖြစ်ပါတယ်။ စိတ်ဝင်စားသူများအတွက် လုပ်နည်းလေး မျှဝေပေးထားပါတယ်။ ပဲယိုဖြင့် ပြုလုပ်သော မုန့်များမှာလည်း ဖော်ပြထားပြီးသား ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ပဲလွမ်း  –  ၂၅ ကျပ်သား

ထန်းလျက်  –  ၂၅ ကျပ်သား

ဆီ  –  ၁၅ ကျပ်သား

ဆား  –  အနည်းငယ်

ဆော်ဒါ  –  လက်ဖက်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပြုလုပ်ပုံ

၁။       ပဲလွမ်းကို တစ်ညရေစိမ်ပြီး ဆော်ဒါ လက်ဖက်ဇွန်းတစ်ဇွန်းထည့်ပြီး ပြုတ်ပါ။

၂။       ပဲနူးပါက ရေစစ်ထားပြီး ကြိတ်စက်ဖြင့် ကြေအောင် ကြိတ်ပါ။

၃။       ထန်းလျက်ကို ရေအနည်းငယ်ဖြင့် ကျိုပြီး အမှိုက်များ စစ်ထုတ်ပါ။ ပြီးလျှင် ညောင်စေးကျအောင် ပြန်ကျိုထားပါ။

၎။       ပဲယိုထိုးမည့် ဒယ်အိုးထဲ ဆီထည့်ပြီး ထန်းလျက်ထည့်ကြော်ပါ။

၅။       မွှေးပြီး ထန်းလျက်ပွလာပါက ပဲကြိတ်ထားသည်ကို ထည့်ပါ။ ဆားအနည်းငယ် ထည့်ပြီး ရေခန်း၍ ဆီပြန်လာသည်အထိ မွှေပေးပါ။ ပဲနှင့် ထန်းလျက်မှာ ရေကျန်ပါက ကျိုနေစဉ် အပူများစဉ်တတ်၍ ဂရုပြုပါ။

၆။       အထားခံရန် ဆီပြန်ပြီး လုံးလာသည်အထိ ကျိုပေးပါ။ ပြီးလျှင် အအေးခံထားပြီး လိုသလို အသုံးပြုနိုင်ပါပြီ။

Facebook Comments