ပဲပုပ်ချင်းအနှစ်နှင့် ခရမ်းသီးကြော် (Fried Eggplant with Soybean Paste with Ginger)

by Syi Lwin (Foods Garden) for Food Magazine

             ခရမ်းသီးကို ပဲပုပ်ချင်းအနှစ်ဖြင့် အချိန်ပေးစရာမလိုဘဲ အရသာရှိပြီး ထမင်းမြိန်စေသော ဟင်းတစ်ခွက်ကို အားလုံးသဘောကျ နှစ်သက်ကြမှာပါ။

ပါဝင်ပစ္စည်းများ (၂ ယောက်စာ)

ခရမ်းသီး  –  ၂ လုံး (အခွံနွှာ၊ ပါးပါးရှည်ရှည်လှီးထားပါ)

နေကြာဆီ  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

Soybean Paste with Ginger  –  စားပွဲ ဇွန်း ၃  ၁/၂ ဇွန်း

ဆား  –  အနည်းငယ်

ကြက်သွန်မြိတ်  –  ၂ ပင်  (အနေတော်အကွင်းလေးတွေ လှီးထားပါ)

ရှမ်းငရုတ်ပွနီ  –  ၂ တောင့် (အမျှင်ရှည်လေးတွေ လှီးထားပါ)

ပြုလုပ်နည်း

         ဒယ်အိုးထဲ ကြက်သွန်မြိတ်ကလွဲ၍ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး သေချာနှံ့အောင် မွှေပါ။ ရေ စားပွဲဇွန်း ၃ ဇွန်း ခန့် ထည့်တည်ပြီး ခရမ်းသီးနူးအိသည်အထိ ရေခန်းတည်ပါ။ မကြာခဏ ခပ်ဖွဖွမွှေပေးပါ။ ဆားမြည်းပါ။ လိုတာထပ်ဖြည့်ပြီး မီးဖိုပေါ်မှမချခင် ကြက်သွန်မြိတ်ဖြူးပါ။ ပူပူအေးအေး ထမင်း ဖြူနှင့် အလွန်လိုက်ဖက်ပါတယ်။

Facebook Comments