ပဲပင်ပေါက်သုပ် (Beansprout Salad)

by Syi Lwin (Foodsgarden) for Food magazine

          ချဉ်စပ် ပဲပင်ပေါက်သုပ်က ဝိတ်ချနေသူတွေအတွက် အသင့်တော်ဆုံးဖြစ်ကာ ပြီးပြည့်စုံသော အရသာရှိပြီး ထမင်းမြိန်စေတာကြောင့် လုပ်စားကြည့်လိုက်နော်။

ပါဝင်ပစ္စည်းများ

ပဲပင်ပေါက်  –  ၂ ခွက် (ဟင်းချက်ရန် တိုင်းသောခွက်)

ကြက်သွန်မြိတ်  –  ၂ ပင် (ပါးပါးလှီးထားပါ)

နံနံပင်  –  ၁ စည်း (အရိုးဖယ်၍ အရွက်ပဲ လှီးထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ဇွန်း (ပဲပင်ပေါက်ပြုတ်ရန်)

အချဉ်ရည်စပ်ရန် ပါဝင်ပစ္စည်းများ

နှမ်းဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၁ – ၂ ဇွန်း

သံပရာရည်  –  စားပွဲဇွန်း ၁ – ၂ ဇွန်း

အသားမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီးစိမ်း  –  ၅  တောင့် (အစေ့ထုတ်ပြီး ပါးပါးရှည်လှီးထားပါ)

ချင်း  –  အနည်းငယ် (ခပ်ပါးပါးရှည်ရှည်လှီးထားပါ)

ပြုလုပ်နည်း 

၁။       ဦးစွာ အချဉ်ရည်လုပ်ရန် ဖန်ဇလုံထဲ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး သေချာမွှေပါ။ မိနစ် ၃၀  ခန့် မသုံးခင် ကြိုလုပ်ထားလျှင် အနံ့အရသာ ပိုကောင်းပါတယ်။

၂။       အိုးထဲ ဆားနှင့် ရေထည့်ပြီး ဆူအောင်တည်ပါ။ ရေဆူလျှင် ပဲပင်ပေါက်ထည့်ပြီး ၁၀ စက္ကန့်ခန့် ရေနွေးဖျောပါ။ ဆန်ခါထဲ ရေစစ်ချပြီး ရေခဲရေဖြင့် ခဏစိမ်ထားပါ။ ရေစင်အောင် ခါပါ။

၃။       ဇလုံးအကြီးထဲ ပဲပင်ပေါက်နှင့် ကျန်ပါဝင်ပစ္စည်းများ၊ စပ်ထားသော အချဉ်ရည်ကို ကိုယ့်စိတ်တိုင်းကျ လိုသလောက် အားလုံးထည့်ပြီး ခပ်ဖွဖွနယ်ပါ။ ချက်ချင်း သုံးဆောင်ပါ။

www.facebook.com/Syi Foodsgarden

Facebook Comments