ပဲတီစိမ်းနှင့် သာကူအချိုပွဲ (Green Beans with Pearl Sago)

ပဲတီစိမ်းနှင့် သာကူအချိုပွဲ (Green Beans with Pearl Sago)

            ဒီအချိုပွဲကိုတော့ များသောအားဖြင့် မိသားစုတွေအိမ်မှာလုပ်စားလေ့ရှိပြီး တရုတ်စားသောက်ဆိုင်တွေမှာတော့ တွေ့ရနည်းပြီး ခုနောက်ပိုင်းတွေမှာတော့ ခေတ်မီ Cafe’ တွေမှာတွေ့နေရပါပြီ။ ကျွန်တော်တို့မြန်မာတွေအနေနဲ့ အစိမ်းသက်သက်ဖြစ်နေပါ့မယ်။ အချိုအရသာအတွက်ကတော့ သကြားကို စိတ်ကြိုက်ထည့်နိုင်ပါတယ်။

►   ပါဝင်ပစ္စည်းတွေကတော့

♦   ပဲတီစိမ်း (Green Beans)   –   200 gm (၄ – ၅ နာရီခန့် ရေစိမ်ထားပါ)

♦   ဆွမ်းမွှေးရွက် (Padan Leaves)   –   ၂ ရွက် (ချည်ထုံးထားပါ)

♦   သကြား (Sugar)   –   150 gm

♦   ရေ (Water)   –   ၁ လီတာ

♦   သာကူ (Sago)   –   100 gm

♦   အုန်းနို့ (Coconut Milk)   –   200 ml

♦   ဆား (Salt)   –   အနည်းငယ်

►   ပြုလုပ်နည်း

            ပဲတီစိမ်းကို သန့်ရှင်းအောင်ခဲရွေးပြီး အနည်းဆုံး ၄-၅ နာရီခန့် ရေစိမ်ထားပါ။ သာကူကိုရေဆေးပြီး ဆန်ခါ ဖြင့်စစ်ထားပါ။ အိုးတစ်လုံးတွင် ရေ၊ ဆွမ်းမွှေးရွက်၊ သကြားထည့်ပြီး ဆူအောင်တည်ထားပါ။ ရေဆူသည်နှင့် ရေစိမ်ထားတဲ့ ပဲတီစိမ်းကိုဆယ်ယူပြီး သကြားရေအိုးထဲထည့်ပြီး နူးအောင်ပြုတ်ပါ။ ၃ဝ-၄ဝ မိနစ်ဆိုရင် ပဲနူးပါပြီ။ ပဲနူးသည် နှင့် ရေစိမ်ထားတဲ့သာကူကိုထည့်ပြီး သာကူကျက်သည်အထိ ပြုတ်ပါ။ မကပ်စေရန် မွှေပေးပါ။ ပြီးရင် အုန်းနို့နှင့် ဆား ထည့်ပြီး မွှေပါ။ ဒါဆိုရင် ပဲတီစိမ်းနှင့် သာကူအချိုပွဲ အဆင်သင့်ဖြစ်ပါပြီ။

(ဒူးရင်းသီးရာသီမှာဆိုရင် ဒူးရင်းသီးအဖတ်လေးများ ထည့်ပြီး ရောမွှေစားပါက အင်မတန်မှအရသာရှိပါတယ်)

www.facebook.com/Myint Oo Tha

Facebook Comments