ပဲငံပြာရည် ပုစွန်ဖက်ထုပ်ကြော် (Shrimp Gyoza)

by My Foodies for Food Magazine

ပါဝင်ပစ္စည်းများ

ပုစွန် (အဆာစပ်ပြီးသား)  –  ၃ဝဝ ဂရမ်

ဖက်ထုပ်ရွက်  –  ၁ဝ ခု

Kikoman Soy Sauce  –  ထမင်းစားဇွန်း ၁ ဇွန်း

နှမ်းဆီ  –  အနည်းငယ်

သကြားညို  –  အနည်းငယ်

ငရုတ်ကောင်းဖြူမှုန့်  –  အနည်းငယ်

 (အားလုံးပန်းကန်တစ်လုံးထဲမှာ  ရောမွှေထားပါ)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဖက်ထုပ် ၁ဝ ခုကို အရွယ်ညီညီထုပ်ပြီး ဆီအနည်းငယ်သုတ်ထားသော ဒယ်ပြား တစ်ခုပေါ်မှာ နှစ်ဖက်စလုံးအရောင်ညိုလာအောင် Pan Grill လုပ်ပေးပါ။

၂။       နှစ်ဖက်အကျက်ညီလျှင် ရောစပ်ထားသော ပဲငံပြာရည်လောင်းပြီး ဖက်ထုပ်များအားလုံးကို ဆော့စ်ရည်နှင့်လုံးကာ မီးပျော့ပျော့နဲ့ ၂ မိနစ်ခန့် လှိမ့်ပေးပါ။

၃။       ပန်းကန်မှာ ပြင်ဆင်ပြီး နှမ်း၊ ငရုတ်သီးနီတို့ဖြင့် အလှဆင်ကာ ပဲငံပြာရည်နှင့် သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments