
13 - August - 2018
by Syi Lwin (Foodsgarden) for Food magazine
ရိုးရှင်းသော ပဲကုလားဟင်းရည်သောက်က စည်ချက်စားနေကျ ပုံစံတစ်မျိုးလေးကို အားလုံးအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်။
ပါဝင်ပစ္စည်းများ
ပဲကုလား – ၁ ၁/၂ ခွက် (ရေစိမ်ထားပါ)
စပါးလင် – ၁ ချောင်း (၂ ပိုင်းပိုင်းပြီး ထုထုံးထားပါ)
ချင်း – လက်တစ်ဆစ် (ခပ်ပါးပါး လှီးထားပါ)
ကြက်သွန်ဖြူ – ၃ မြွှာ (ခပ်ပါးပါးလှီးထားပါ)
နေကြာဆီ – စားပွဲဇွန်း ၂ ၁/၂ ဇွန်း
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငံပြာရည် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ငရုတ်ကောင်းနက် – အနည်းငယ်
ဆား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
၁။ ပဲကို မကျက်တကျက် ပြုတ်ထားပါ။ ပြီးလျှင် ရေဆေးပြီး ရေစစ်ထားပါ။
၂။ ဆီကို စားပွဲဇွန်း ၁ ဇွန်းခွဲ၊ နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ချင်းနှင့် စပါးလင်တို့ကို ဒယ်အိုးထဲ ထည့်ပြီး ပဲအနည်းငယ်မွှေးလာ သည်အထိ တည်ပါ။
၃။ ပြီးလျှင် ဇောက်နက်အိုးထဲ ပဲနှင့် ရေထည့်ပြီး ဇွန်းခွက်ဖြင့် ပဲကြေအောင် ခြေပေးပါ။
၎။ ကျန်ပါဝင်ပစ္စည်းများနှင့်အတူ ရေ ၃ ခွက်လောက်ထည့်ပြီး ပဲနူးအိလာသည်အထိ တည်ပါ။ ပဲနူးအိလာပြီး ရေ ခွက် တစ်ဝက်ကျော်လောက် ရေခန်းသည်အထိ တည်ပါ။ ပွက်ပွက်ဆူအောင် တည်ပါ။ ပွက်ပွက်ဆူလာလျှင် မီးလျှော့ပြီး ဆားမြည်းပါ။ လိုတာထပ်ဖြည့်ပြီး မီးဖိုပေါ်မှချကာ ထမင်းဖြူပူပူလေးဖြင့် တွဲစားလျှင် လိုက်ဖက်ပါတယ်။
www.facebook.com/Syi Foodsgarden