ပူဒီနာငါးပိထောင်း

by Myint Oo Tha for Food Magazine

          မြန်မာထမင်းဝိုင်းမှာ မြန်မာထမင်းဟင်းအရသာကို ပိုပြီး ပြည့်စုံဖို့ဆိုလျှင် ဒီလို အရန်ဟင်းလေး လိုပါတယ်။

ပါဝင်ပစ္စည်းများ

ငါးပိ  –  စားပွဲဇွန်း ၂ ဇွန်း  (မီးကင်ထားပါ)

ငရုတ်သီးစိမ်း  –  ၂၀ တောင့် (မီးကင်ထားပါ)

ငရုတ်သီးမှည့်အတောင့်ရှည်  –  ၂ တောင့် (မီးကင်ထားပါ)

ပူဒီနာ  –  ၄ ပင် (ချွေထားပါ)

ပုစွန်ခြောက်မှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  အနည်းငယ်

ပြုလုပ်နည်း

၁။       မီးကင်ထားတဲ့ ငရုတ်သီးကို ဆားအနည်းငယ်ထည့်ပြီး ထောင်းပါ။

၂။       ပြီးလျှင် ငါးပိနှင့် ပုစွန်ခြောက်မှုန့်ထည့်ပြီး ထောင်းပါ။

၃။       ပူဒီနာထည့်ထောင်းပါ။

၎။       ပြီးလျှင် ထောင်းထားတဲ့ ပူဒီနာ ငါးပိထောင်းကို မီးပြန်ကင်ပါ။

၅။       မီးပြန်ကင်ထားတဲ့ ပူဒီနာငါးပိထောင်းက ပိုမွှေးပြီး စားကောင်းတယ်။ မီးပြန်မကင်လည်း စားလို့ကောင်းပါတယ်။

www.facebook.com/Myint Oo Tha

Facebook Comments