ပူတင်းကိတ်

by Evy’s Kitchen for Food Magazine

အလွန်စားကောင်းတဲ့ ပူတင်းအလွှာတစ်ထပ်၊ ကိတ် အလွှာတစ်ထပ်ပါတဲ့ ကိတ်ပါ။ အများစုနဲ့လည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ လုပ်ရတာလည်း အလွန်လွယ်ကူပါတယ်။ စုစုပေါင်း ကြာချိန်က ၁ နာရီတည်းပါပဲ။

မုန့်ဖုတ်ပြီးရင် ချက်ချင်းမစားဘဲ ရေခဲသေတ္တာထဲ ထည့် စားမှ အရသာက ပိုပြီးစိမ့်ဝင်လို့ စားလို့အလွန်ကောင်းပါ

တယ်။ ပေးထားတဲ့ အချိုးတွေကတော့ ၈ လက်မ မုန့်ဗန်း အတွက်ပါ။

ပါဝင်ပစ္စည်းများ (ပူတင်းအလွှာအတွက်)

နွားနို့ –  ၁ ခွက် (၂၅၀ မီလီလီတာ)

နို့စိမ်း –  ၁ ခွက် (၂၅၀ မီလီလီတာ)

နို့ဆီ –  ၁/၂ ခွက် (၁၂၅ မီလီလီတာ)

ကြက်ဥ –  ၂ လုံး၊ ကြက်ဥအနှစ် ၁ ခု

ဗနီလာ –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

သကြား –  ၁၅၀ ဂရမ်

ပူတင်းပြုလုပ်နည်း

၁။       ဦးစွာ သကြားကို အိုးအသေးထဲထည့်ပြီး အရည်ပျော် အောင် အပူပေးပါ။

၂။       ပူလာလျှင် ဆီသုတ်ထားတဲ့ ဗန်းထဲ လောင်းထည့်ပါ။

၃။       ပြီးလျှင် ပူတင်းအလွှာကို ပြင်ရပါမယ်။

၎။       ကြက်ဥ၊ နို့၊ နို့စိမ်းနှင့် နို့ဆီကို အားလုံးပေါင်းထည့်ပြီး အပူပေးပါ။ အဆက်မပြတ် မွှေပါ။ နို့ရည်တွေ အိုးဘေးလောက်ကနေ အနည်းငယ်ဆူလာတာနဲ့ မီးပိတ်ပြီး အအေးခံပါ။ ဗနီလာထည့်ပါ။

၅။       အေးသွားတဲ့ နွားနို့၊ ကြက်ဥရည်များကို ဆန်ခါနဲ့ ပြန်စစ်ပေးပြီး သကြားရည်ထဲ လောင်းပေးပါ။

ပါဝင်ပစ္စည်းများ (ကိတ်အလွှာအတွက်)

ကြက်ဥ –  ၃ လုံး

သကြား –  ၇၀ ဂရမ်

ဂျုံ –  ၇၀ ဂရမ်

ဘေကင်ပေါင်ဒါ –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ –  ၃၀ ဂရမ်

ဗနီလာ အနံ့ –  အနည်းငယ်

ကိတ်အလွှာ ပြုလုပ်နည်း

၁။       ဂျုံနှင့် ပွဆေးကို ဆန်ခါချထားပါ။

၂။       ကြက်ဥနှင့် သကြားကို ဖြူပြီး ပွလာအောင် စက်ဖြင့် ခေါက်ပေးပါ။ျွငဘဘသညူငုနှအေါန ရောက်တဲ့ အထိ မွှေပါ။

၃။       ပြီးလျှင် ဂျုံနှင့် ဘေကင်ပေါင်ဒါ (ဆန်ခါချပြီးသား)ကို အသာအယာ ရောမွှေပါ။

၎။       နောက်ဆုံးမှ ဆီနှင့် ဗနီလာအနံ့ (လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း) ကို ရောမွှေပြီး မုန့်သား ၁/၃ နဲ့ အရင်ရောမွှေပါ။ ပြီးလျှင် ကျန်တဲ့မုန့်သားထဲ ပြန်ထည့်ပြီး သမအောင် မွှေပါ။

၅။       ပြီးလျှင် ပူတင်းဖုတ်ဖို့ ပြင်ထားတဲ့ ကြက်ဥရည်အပေါ်  အသာအယာလောင်းချပါ။

၆။       ထို့နောက် ၁၈၀ ဒီဂရီ အပူပေးထားတဲ့ ဥလနည မှာ မိနစ် ၃၀ ခန့် ဖုတ်ပေးလျှင် ရပါပြီ။

လုံးဝအေးသွားမှ စားပါ။

Facebook Comments

Menu