
2 - February - 2018
by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine
ပါဝင်ပစ္စည်းများ
ပုစွန် (သန့်စင်ပြီး) – ၁၀ ကောင်ခန့်
သခွားသီး – ၁ လုံး (၂၅၀ ဂရမ်)
နံနံပင် – အနည်းငယ်
ကြက်သွန်နီ – ၁ လုံး
ငရုတ်သီးစိမ်း – ၄ တောင့်ခန့်
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သံပရာရည် – စားပွဲဇွန်း ၁ ဇွန်း
ငံပြာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်မြိတ် – အနည်းငယ်
ပြုလုပ်နည်းအဆင့်ဆင့်
၁။ ပုစွန်ကို ပြုတ်ပြီး အအေးခံထားပါ။
၂။ သခွားသီးကို အခွံနွှာ၊ အစေ့ထုတ်ပြီး အသားကို ခြစ်ဖြင့် အမျှင်များရအောင် ခြစ်ထုတ်ပါ။
၃။ ဇလုံတစ်ခုထဲ နံနံပင် (နုပ်နုပ်စဉ်း)၊ ကြက်သွန်မြိတ် (ပါးပါးလှီး)၊ ငရုတ်သီးစိမ်း (ပါးပါးလှီး)၊ ကြက်သွန်မြိတ် (ပါးပါးလှီး) သခွားသီး (ခြစ်ပြီး)၊ ပုစွန်နှင့် အရသာများ ထည့်ပြီး နယ်ပါ။
၎။ အရသာမှာ ချို၊ ဆိမ့်၊ ချဉ်၊ စပ် အရသာရပြီဆိုလျှင် ပန်းကန်ပြင်ပြီး သုံးဆောင်နိုင်ပါပြီ။