ပုစွန်ရေညှိလိပ်နှင့် ပဲပင်ပေါက် ပဲပြားကြော် (Seaweed Prawn with Stir-Fried Bean Curd & Bean Sprout)

ပုစွန်ရေညှိလိပ်နှင့် ပဲပင်ပေါက် ပဲပြားကြော်

(Seaweed Prawn with Stir-Fried Bean Curd & Bean Sprout)

          ဒီလအတွက် ပရိသတ်များကို ထပ်မံဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ ‘ပုစွန်ရေညှိလိပ်နှင့် ပဲပင်ပေါက် ပဲပြားကြော်’ လေးပါပဲ။  ဂျပန်အစားအစာ ပြင်ဆင် နည်းကို အခြေခံပြီးပြင်ဆင်ထားတဲ့ ဟင်းလျာလေးပါ။ ရေချိုပုစွန်ထုပ်ကို ဂျပန်ရေညှိရွက်လေးနဲ့ပတ်ပြီး ဂျပန်ကာရီဟင်းအနှစ်လေးနဲ့  ပြင်ဆင်ထားတာမို့ အရသာထူးခြားပါတယ်။ ပုံမှန်အားဖြင့် အနည်းငယ်အချိုကဲတတ်တဲ့ ဂျပန်ကာရီအနှစ်ကို ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းလေးဖြည့်ထားတာကြောင့် ကျွန်တော်တို့မြန်မာတွေ နှစ်သက်မယ်လို့ ယုံကြည်ပါတယ်။ ပဲပင်ပေါက်နဲ့ ပဲပြားကိုလည်း ကုဆိုင်လို့ခေါ်တဲ့ ကြက်သွန်ဖြူမြိတ်လေးနဲ့ ငရုတ်သီးစိမ်းအနည်းငယ် ထည့်ကြော်ထားလို့ အရသာချိုစပ်လေးဖြစ်နေမှာပါ။ ကဲ . . .  ရိုးရှင်းပြီး အရသာထူးတဲ့ ‘ပုစွန်ရေညှိလိပ်နှင့် ပဲပင်ပေါက် ပဲပြားကြော်’လေး ပြင်ဆင်ကြည့်လိုက်ရအောင် . . . OK ???

ပုစွန်ရေညှိလိပ်

►   ပါဝင်ပစ္စည်းများ

♦   ပုစွန်ကျား   –   ၅ ကောင်

♦   ရေညှိပြား   –   ၂ ချပ်

♦   ဂျပန်ကာရီအနှစ်   –   ၃ ဇွန်း

♦   ကြက်သွန်ဖြူ   –   ၅ တက်

♦   ကြက်သွန်နီ   –   ၂ လုံး

♦   ငရုတ်သီးစိမ်း   –   ၅ တောင့်

♦   သံပရာသီး   –   ၁ လုံး

♦   ချင်း   –   အနည်းငယ်

♦   ပဲငံပြာရည်   –   အနည်းငယ်

♦   သံလွင်ဆီ   –   ၁ ဇွန်း

♦   ငရုတ်ကောင်း   –   အနည်းငယ်

♦   ပျားရည်   –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

►   ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပုစွန်ကျားကို သံပရာရည်၊ ငရုတ်ကောင်း၊ ပဲငံပြာရည်၊ ဆား၊ ပျားရည်၊ ချင်း၊ ကြက် သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ဖြင့် အရသာသွင်းထားပါ။

၂။       အရသာသွင်းထားသော ပုစွန်ကျားကို ဗိုက်ကြောဖြတ်ပြီး ဆွဲဆန့်၍ ရေညှိရွက်ဖြင့် လိပ်ထားပါ။

၃။       အရသာသွင်းပြီး ရေညှိရွက်နှင့် လိပ်ထားသော ပုစွန်ကျားကို ဒယ်အိုးတွင် သံလွင် ဆီအနည်းငယ်ဖြင့် အိုးကပ်ကြော်ပြီး ဂျပန်ကာရီအနှစ်နှင့် ရောချက်ပါ။

၎။       ကာရီအနှစ်ပျစ်နေလျှင် ရေသန့်အနည်းငယ်ထည့်ချက်ပါ။ ကြက်သွန်နီထည့်ချက် ပြီး ကြက်သွန်နီနူးလျှင် ပုစွန်ကျားကျက်ပါပြီ။

ပဲပင်ပေါက် ပဲပြားကြော်

►   ပါဝင်ပစ္စည်းများ

♦   ပဲပြား   –   ၁ ခု

♦   ပဲပင်ပေါက်   –   ၁၆ဝ ဂရမ်

♦   ကုဆိုင် (ကြက်သွန်ဖြူမြိတ်)   –   ၃ ဇွန်း

♦   ကြက်သွန်ဖြူ   –   ၅ တက်

♦   ချင်း  –   အနည်းငယ်

♦   ခရုဆီ   –   အနည်းငယ်

♦   နှမ်းဆီမွှေး   –   အနည်းငယ်

♦   သံလွင်ဆီ   –   ၁ ဇွန်း

♦   ငရုတ်ကောင်း   –   အနည်းငယ်

♦   ဆား   –   အနည်ငယ်

►  ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပဲပြားကို ၁ လက်မခန့် အတုံးများလှီးထားပြီး ပဲပင်ပေါက်ကို သန့်စင်ထားပါ။

၂။       ကြက်သွန်ဖြူကို ဓားပြားရိုက်ပြီး ချင်းကို အမျှင်ပါးပါးလှီးထားပါ။ ကုဆိုင်ကို သန့်စင် ပြီး ၂ လက်မခန့် လှီးဖြတ်ထားပါ။

၃။       ဒယ်အိုးတွင် သံလွင်ဆီအနည်းငယ်ထည့်၍ ကြက်သွန်ဖြူ၊ ချင်းတို့နှင့် ဆီသတ်ပါ။ ပဲပြားကို အနည်း ငယ်နီအောင် ကြော်ပေးပါ။

၎။       ပြီးလျှင် ခရုဆီအနည်းငယ်ထည့်၍ ပဲပင်ပေါက်ထည့်ကြော်ပါ။

၅။       အရသာကို ဆား၊ ငရုတ်ကောင်း အနည်းငယ်ဖြင့် ထိန်းညှိပြီး ကုဆိုင်ကို ထည့်ကြော်၍ နှမ်းဆီမွှေး အနည်းငယ်အုပ်ပြီး အဆုံးသတ်ပါ။

www.facebook.com/Sunny Angelo

Facebook Comments