ပုစွန်အုန်းနို့ပေါင်းထုပ်

by Ko Thit Htoo for Food Magazine

          သူငယ်ချင်းတစ်သိုက် စကားစမြည်ပြောရာက သူစားဖူးတာ၊ ကိုယ်စားဖူးတာတွေ ပြောဖြစ်ရင်း ဒီချက်နည်းလေးချက်ဖြစ်ဖို့ အကြောင်းပေါ်လာပါတယ်။ မည်သည့်လူမျိုးရဲ့ အစားအစာမှန်းမသိပေမယ့် တော်တော်လေးစားကောင်းတဲ့ နည်းလေးဖြစ်လို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၁၀ ကောင်

ဆား  –  အနည်းငယ်

သကြား  –  အနည်းငယ်

ချင်း  –  လက်တစ်ဆစ် (ထောင်းပြီးအရည်)

အနှစ်ထောင်းရန်

ကြက်သွန်နီ  –  ၂ ဥ

ကြက်သွန်ဖြူ  –  ၃ မြွှာ

ငရုတ်ပွခြောက်  –  ၃ တောင့်

ဆား  –  အနည်းငယ်

ငံပြာရည်  –  အနည်းငယ်

သကြား  –  အနည်းငယ်

ဆန်မှုန့်  –  ထမင်းစားဇွန်း ၁ ဇွန်း

အုန်းနို့ဘူး  –  ထမင်းစားဇွန်း ၃ ဇွန်း

ရဲယိုရွက်  –  ၅ ရွက်

ငှက်ပျောဖက်  –  ၅ ပိုင်း

သွားကြားထိုးတံ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပုစွန်များကို အခွံနွှာပြီး ရေဆေးသန့်စင်ပါ။ ဆား၊ သကြား၊ ချင်းရည်တို့နဲ့ နယ်ပြီး အရသာနှပ်ထားပါ။

၂။       အနှစ်များထောင်း၍ အုန်းနို့၊ ဆန်မှုန့်တို့နှင့် အရသာများထည့်ပြီး သမအောင် နယ်ထားပါ။

၃။       ငှက်ပျောရွက်ခင်းထားပြီး ရဲယိုရွက်တစ်ရွက် ဖြန့်တင်ပါ။ ရောပြီးသား အနှစ် ထမင်းစားဇွန်း ၁ ဇွန်း ထည့်၊ ပုစွန် ၂ ကောင် ဖင်ပြန်၊ ခေါင်းပြန်တင်ပြီး ရဲယိုရွက်နဲ့ လုံအောင်ထုပ်ပါ။ အပြင်က ငှက်ပျောရွက်နဲ့ တစ်ထပ်ထုပ်ပြီး ရေနွေးဆူဆူပေါင်းအိုးမှာ ထည့်ပေါင်းပါ။

၎။       ပန်းကန်မှာပြင်ဆင်တဲ့အခါ ငါးပေါင်းထုပ်ကိုဖွင့်ပါ။ ရဲယိုရွက်ထုပ်လေးတွေ အပေါ်ပိုင်းကို ဓားနဲ့ ဟဟလေးလှီးပြီး အုန်းနို့လေးနည်းနည်းစမ်းပြီး ပြင်ဆင် သုံးဆောင်နိုင်ပါတယ်။

Facebook Comments