ပုစွန်အီတလီခေါက်ဆွဲကြော် (Prawn Aglio)

by Sofia for Food Magazine

          အီတလီခေါက်ဆွဲကြော်နည်း များစွာထဲက နာမည်ကြီး လူကြိုက်များတဲ့ Prawn Aglio ချက်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ဒီချက်နည်းလေးက မြန်မာများအတွက် စားရတာ အဆင်ပြေပြီး အကြိုက်တွေ့စေမယ်လို့ မျှော်လင့်ပါတယ်။ ကြော်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း

Pasta  –  ၂၀ဝ ဂရမ် (ပြုတ်ပြီးသား)

သံလွင်ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြု  –           ၁ ဇွန်း (နုပ်နုပ်စဉ်း)

ငရုတ်သီးစိမ်းနီ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နံနံပင်  –  ၁ ဇွန်း (နုပ်နုပ်စဉ်း)

ပုစွန်  –  ၅ ကောင်

ခရမ်းချဉ်သီး  –  ၂ ဇွန်း

ဆားရည်  –  ၁ ဇွန်း

ပြုလုပ်နည်း

၁။       ဦးစွာ နှစ်သက်ရာ အီတလီခေါက်ဆွဲ Pasta ကို အညွှန်းအတိုင်း ပြုတ်ထားပြီး ဆယ်ယူ၍ ရေစစ်ကာ ဆီလူးထားပါ။ ပုစွန်အခွံနွှာပြီး ကျောခွဲ သန့်စင်ထားပါ။ ခရမ်းချဉ်သီးကို အစေ့ထုတ်ပြီး အတုံးလေးများ စိတ်ထားပါ။

၂။       ငရုတ်သီးစိမ်းနီ၊ ကြက်သွန်ဖြူနှင့် နံနံပင်တို့ကို နုပ်နုပ်စဉ်းထားပါ။

၃။       ရေနွေးအိုးတစ်အိုးကို ခေါက်ဆွဲရေနွေးဖြောရန် အသင့်ထားပါ။

၎။       အားလုံးအသင့်ဖြစ်ပါက လက်ကိုင်ဒယ်အိုးကို အပူပေးပါ။ ဒယ်အိုးပူပါက သံလွင်ဆီ ထည့်ပါ။ ခေါက်ဆွဲကို ရေနွေးဖြောထားပါ။

၅။       ဆီပူပါက ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းနီ၊ နံနံပင်၊ ပုစွန်နှင့် ခရမ်းချဉ်သီးတို့ကို ထည့်ကြော်ပါ။

၆။       ကြက်သွန်ဖြူအရောင် အဝါရောင်ပြောင်းပါက ဆားရည်ထည့်ပါ။

၇။       ရေနွေးဖြောထားသော ခေါက်ဆွဲထည့်ပြီး အားလုံးသမအောင် မွှေပါ။ အရသာ အပေါ့အငန်မြည်းပြီး ချိစ်၊ ငရုတ်သီးမှုန့်နှင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။

မီးပြင်းဖြင့် ကြော်ရန်

          ဆားရည်မသုံးလိုပါက ဆားထည့်ပြီး အပူရှိန်လျှော့ချပေးရန်နှင့် ကြက်သွန်ဖြူ မတူးစေရန် ရေအနည်းငယ်ထည့်ပေးရန် လိုအပ်ပါတယ်။

Facebook Comments