ပုစွန်အစပ်ဟင်း

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၃၀ဝ ဂရမ်

ခရမ်းချဉ်သီး  –  ၁ လုံး

ကြက်သွန်နီ –  ၁ လုံး

ကြက်သွန်ဖြူ –  ၄ မြွှာ

ငရုတ်သီးစိမ်း  –  ၄ တောင့်

နံနံပင်  –  အနည်းငယ်

ငရုတ်နှစ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၁/၂ ဇွန်း

သကြား  –  အနည်းငယ်

ကြက်သားမှုန့်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ပုစွန်ကို ကျောခွဲသန့်စင်ပြီး ကြက်သားမှုန့် (အနည်းငယ်)၊ နနွင်းမှုန့် (အနည်းငယ်) တို့ဖြင့် နယ်ပြီး နှပ်ထားပါ။

၂။       ကြက်သွန်ဖြူ/နီကို ကြိတ်ပြီး နနွင်းမှုန့်၊ ငရုတ်နှစ်တို့ဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ခရမ်းချဉ်သီးကို အနေတော်တုံးပြီး ထည့်ပါ။ ခရမ်းချဉ်သီး အီလာပြီဆိုလျှင် ငရုတ်သီးစိမ်းကို တစ်ခြမ်းခြမ်းပြီး ထည့်ပါ။

၃။       ပြီးလျှင် အရသာများနှင့် ပုစွန်များကို ထည့်ပါ။ ရေကို အနေတော်ထည့်ပါ။

၎။       ပုစွန်လည်းကျက်ပြီ၊ အရသာလည်း အနေတော်ဖြစ်ပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments