ပုစွန်ဟင်းသီးဟင်းရွက်ဟင်းချို (Clear Soup with Vegetable and Prawn)

by Sofia for Food Magazine

          ယိုးဒယားဟင်းတစ်ခွက်ဖြစ်တဲ့ ပုစွန်ဟင်းသီးဟင်းရွက်ဟင်းချိုလေးက သင်းပျံ့မွှေးကြိုင်ပြီး ပူစပ်တဲ့အရသာကြောင့် အခုလို ဆိုဖီယာတို့နေတဲ့ အရပ်က ဆောင်းဝင်လာပြီမို့ ချမ်းအေးတဲ့ ရာသီအတွက် ကတော့ အထူးသင့်လျော်တဲ့ ဟင်းချိုလေးပဲ ဖြစ်ပါတယ်။ ရာသီဥတုမအေးတဲ့အခါမှာလည်း ခံတွင်း ရှင်းပြီး ထမင်းမြိန်စေတဲ့ ဟင်းတစ်ခွက်မို့ ချက်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၁၀ ကောင်

ပဲတောင့်ရှည်  –  ၂ တောင့်

ပြောင်းဖူး (Baby Corn)  –  ၃ ချောင်း

ရွှေပဲ  –  အနည်းငယ်

မုန်လာဥနီ  –  အနည်းငယ်

ပန်းပွင့်  –  အနည်းငယ်

ကင်ပွန်းရွက်

ခ၀ဲသီး  –  ၁ လုံး

ငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

ခရုဆီ  –  ၁ ဇွန်း

ဟင်းခတ်မှုန့်

ကြက်ပြုတ်ရည်/ရေ

ပင်စိမ်းရွက်  –  ၃ ပင်

ဟင်းစပ်ရန် ပါဝင်ပစ္စည်းများ

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၃ မြွှာ

ငရုတ်ကောင်းစေ့  –  ၁၀ စေ့

နံနံပင်အရိုး/အမြစ်  –  ၄ ပင်

ငါးပိ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပုစွန်ခြောက်  –  ၃ ဇွန်း

ပြုလုပ်နည်း

၁။       ဦးစွာ ပုစွန်ဟင်းသီးဟင်းရွက်ဟင်းချိုအတွက် ဟင်းစပ်ပစ္စည်းမှာ ပါဝင်တဲ့ပစ်္စည်းများအားလုံးကို ရောကြိတ် (သို့) ထောင်းထားပါ။ ထောင်းထားပြီးသား အနှစ်ကို ရေခဲသေတ်္တာထဲ သိမ်းဆည်းထားနိုင်ပြီး လိုအပ်ချိန်မှာ အသုံးပြုနိုင်ပါတယ်။

၂။       ပုစွန်ကို အခွံခွာပြီး ကျောခွဲသန့်စင်ထားပါ။ သီးနှံများ အားလုံးကို လှီးဖြတ်သန့်စင်ထားပါ။

၃။       အားလုံးအသင့်ဖြစ်ပါက ကြက်ပြုတ်ရည် (သို့) ရေကို ဟင်းချိုတည်မည့် အိုးထဲထည့်ပါ။

၎။       ထောင်းထားပြီးသား အရောကို ၁ ဇွန်း ခတ်ထည့်ပါ။ ပူစပ်သည်ကို နှစ်သက်ပါက ပိုပြီးထည့်ပေးနိုင်ပါတယ်။

၅။       ဆူပွက်ပါက အသင့်လှီးဖြတ်ထားသော သီးနှံများထည့်ပါ။ ဟင်းခတ်မှုန့်နှင့် ငံပြာရည် ထည့်ပါ။

၆။       သီးနှံများကျက်ပါက ဟင်းချိုအပေါ့အငန်မြည်းပြီး  ပုစွန်ထည့်ပါ။ ပြန်လည်ဆူပွက်ပါက ပင်စိမ်းရွက်အုပ်ပြီး မီးဖိုမှချကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments