ပုစွန်မရောနိစ် (Prawn Mayonaise/Prawn Cocktail)

by Sofia for Food Magazine

          ပုစွန်မရောနိစ်ကို ပုံစံအမျိုးမျိုး လုပ်ကြပေမယ့် အခြေခံအားဖြင့်တော့ တူညီကြပါတယ်။ ပြုလုပ်ရလွယ်ကူ၍ လှလှပပတည်ခင်းပေးနိုင်ပြီး ကလေး၊ လူကြီး နှစ်သက်ကြမယ့် ပုစွန်မရောနိစ်လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၁၅ ကောင်

မရောနိစ်  –  စားပွဲဇွန်း ၃ ဇွန်း

ခရမ်းချဉ်သီးဆော့စ်  –  ၁ ဇွန်း

သံပရာသီး  –  ၁ စိတ်

သကြား  –  အနည်းငယ်

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

ကြက်သွန်နီ  –  ၁ ဇွန်း (သေးသေးစိတ်)

Tabasco Sauce  –  ၁/၂ ဇွန်း

နံနံပင်  –  ၃ ပင်

ဆလတ်ရွက်  –  ၅၀ ဂရမ်

ပြုလုပ်နည်း

၁။       ဦးစွာ ရေနွေးအိုးတည်၍ ရေဆူပါက သံပရာသီး ၁ စိတ် ညှစ်ထည့်ပြီး ပုစွန်ကို ၄ မိနစ်ခန့် ထည့်ပြုတ်ပါ။ ပြီးလျှင် ဆယ်ယူ၍ ရေခဲရေစိမ်ပြီး အမြီးချန်၊ အခွံနွှာ၍ အဖုံးအုပ်ပြီး ရေခဲသေတ္တာထဲ ထည့်ထားပါ။

၂။       ပန်းကန်တစ်ချပ်မှာ မရောနိစ်၊ ခရမ်းချဉ်သီးဆော့စ်၊ ဆား၊ ငရုတ်ကောင်း၊ ကြက်သွန် သေးသေးစိတ်၊ နံနံပင်သေးသေးစိတ်၊ Tabasco Sauce, သကြားနှင့် သံပရာသီးတို့ကို ထည့်ပြီး သမအောင် မွှေထားပါ။

၃။       တည်ခင်းမယ့်အချိန်မှသာ ပန်းကန်မှာ ဆလတ်ရွက်ခင်းပြီး ရောစပ်ထားသော ဆော့စ်နှင့် အအေးခံထားတဲ့ ပုစွန်ကို သမအောင်မွှေပေးပြီး ဆလတ်ရွက်အပေါ်မှာ ထည့်ပါ။ အပေါ်မှာ နံနံပင်အနည်းငယ်ဖြင့် အလှဆင်ပြီး  တည်ခင်းသုံးဆောင်နိုင်ပါပြီ။အစပ်သုံးဆောင်လိုပါက ငရုတ်သီးသေးသေးစိတ်ပြီး ထည့်နိုင်ပါတယ်။

          http://sofiafoodparadise.blogspot.com/

Facebook Comments