ပုစွန်ထုပ်ကြီး ဘယ်ရီခရင်မ်ဆော့စ်နှင့် ဟင်းနုနယ်ဘယ်ရီဆော့စ် (Fresh River Prawn in Creamy Mixed Berries Sauce & Spinach with Creamy Berries Sauce)

ပုစွန်ထုပ်ကြီး ဘယ်ရီခရင်မ်ဆော့စ်နှင့် ဟင်းနုနယ်ဘယ်ရီဆော့စ်

(Fresh River Prawn in Creamy Mixed Berries Sauce & Spinach with Creamy Berries Sauce)

       ဒီလအတွက် နောက်ထပ် ရွေးချယ်ပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ ‘ပုစွန်ထုပ်ကြီး ဘယ်ရီ ခရင်မ်ဆော့စ်နှင့် ဟင်းနုနယ် ဘယ်ရီဆော့စ်’ လေးပါပဲ။ ဥရောပဟင်း လျာပြင်ဆင်နည်းတွေကို အခြေခံပြီး ရိုးရှင်းတဲ့ ဟင်းလျာလေးတွေကို ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ပုစွန်ထုပ်ကြီး တွေကို အခွံမနွှာဘဲ အိုးကင်းပူတိုက်ချက် တာ အရမ်းအရသာမွှေးသလို အရသာလည်းကောင်းမွန်ပါတယ်။ ဝိုင်ဖြူနဲ့ ချက်ထားတာဆိုတော့ အစာကြေလွယ်ပါတယ်။ ဟင်းနုနယ်ကိုလည်း ဆီလုံးဝမပါ ဘဲ ရေနွေးထဲမှာပြုတ်ပြီး ဘယ်ရီခရင်မ်ဆော့စ်လေးဆမ်းလိုက်ရုံနဲ့ ထူးခြားတဲ့အရသာနဲ့ ပြည့်စုံပါတယ်။ အနောက်တိုင်း အစားအစာတွေကို မိသားစုနဲ့အတူ လွယ်လွယ်ကူကူ ချက်ပြုတ်လိုသူများအတွက် အထူးကောင်းမွန်ပါတယ်။ ကဲ… ရေချိုပုစွန် ထုပ်ကြီးတွေကို ဘယ်ရီသီးတွေနဲ့ ဟင်းချက်ခရင်မ်နဲ့ ချက်ကြည့်ကြရအောင်…OK ??? WOW !!! SO BEAUTIFUL !!!

ပုစွန်ထုပ်ကြီး ဘယ်ရီခရင်မ်ဆော့စ်

►   ပါဝင်ပစ္စည်းများ

♦   ပုစွန်ထုပ်ကြီး   –   ၃ ကောင်

♦   သံပရိုသီး   –   အနည်းငယ်

♦   ဆား   –   အနည်းငယ်

♦   ငရုတ်ကောင်းမှုန့်   –   အနည်းငယ်

♦   သံလွင်ဆီ   –   ၁ ဇွန်း

♦   ဝိုင်ဖြူ  –   ၅ဝ မီလီလီတာ

♦   ဟင်းချက်ခရင်မ်   –   ၂ဝဝ မီလီလီတာ

♦   စတော်ဘယ်ရီ   –   ၇ လုံး

♦   ရက်စ်ဘယ်ရီ   –   ၇ လုံး

♦   ဘလက်ဘယ်ရီ   –   ၇ လုံး

♦   ချက်ဒါချိစ်   –   ၁ဝဝ ဂရမ်

♦   ပါမီဆန်ချိစ်အမှုန့်   –   ၅ဝ ဂရမ်

♦   ဟင်းနုနယ်ရွက်   –   ၁ စည်း

♦   ဆလတ်ရွက်   –   အနည်းငယ်

♦   ပူဒီနာ    –   အနည်းငယ်

►   ချက်ပြုတ်ပုံအညွှန်း

၁။      ပုစွန်ထုပ်ကြီးကို အကောင်လိုက် ထက်ခြမ်းခွဲ၍ သန့်စင်ထားပြီး သံပရိုသီး၊ ဆား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်တို့ဖြင့် အရသာသွင်းထားပါ။

၂။      ဒယ်အိုးထဲတွင် သံလွင်ဆီအနည်းငယ်နှင့် အသင့်အရသာသွင်းထားသော ပုစွန်ထုပ်ကြီးများကို အိုးပူကပ် ကြော်ပြီး ဝိုင်ဖြူအနည်းငယ်နှင့် ဟင်းချက်ခရင်မ်အနည်း ငယ်ထည့်ချက်ပေးပါ။

၃။      စတော်ဘယ်ရီသီးများကို ထက်ခြမ်းလှီးပြီး ဘလက်ဘယ်ရီသီး၊ ရက်စ်ဘယ်ရီသီးများကို အလုံးလိုက် ထည့်ချက်ပါ။

၎။      ချက်ဒါချိစ်နှင့် ပါမီဆန်ချိစ်အနည်းငယ်အုပ်၍ ဆား၊ ငရုတ်ကောင်းတို့ဖြင့် အရသာညှိပြီး ဒယ်အိုးကို အဖုံးအုပ်၍ ချိစ်ပျော်သွားအောင်ချက်ထားပါ။

၅။      အသင့်ချက်ထားသော ပုစွန်ထုပ်ကြီး ဘယ်ရီခရင်မ်ဆော့စ်ကို ပူဒီနာအရွက်ဖြင့် အလှဆင်တည်ခင်းပါ။

ဟင်းနုနယ်ဘယ်ရီခရင်မ်ဆော့စ်

►   ပါဝင်ပစ္စည်းများ

♦   စတော်ဘယ်ရီ   –   ၇ လုံး

♦   ရက်စ်ဘယ်ရီ   –   ၇ လုံး

♦   ဘလက်ဘယ်ရီ   –   ၇ လုံး

♦   ဟင်းနုနယ်ရွက်   –   ၁ စည်း

►   ချက်ပြုတ်ပုံအညွှန်း

        ဟင်းနုနယ်ကိုသန့်စင်ပြီး ရေနွေးဖြင့်ပြုတ်၍ အသင့်ချက်ထားသော ဘယ်ရီခရင်မ်ဆော့စ်၊ စတော်ဘယ်ရီ၊ ဘယ်ရီသီးများဖြင့် တည်ခင်းနိုင်ပါသည်။

www.facebook.com/Sunny Angelo

Facebook Comments