ပုစွန်ဆီထမင်းကြော်

Htet_4

Htet_5

Htet_6

ပုစွန်ဆီထမင်းကြော်

            ကိုထက်မေမေက ဝါးခယ်မက ပုစွန်ဆီ ပို့ပေးတတ်တယ်။ ဒီရက်ပိုင်းတော့ အိမ်မှာပဲ ပုစွန်လတ်လတ်တွေဝယ်ပြီး ပုစွန်ဆီထုတ်လိုက်တယ်။ ဝါးခယ်မမှာ ပုစွန်ဆီကို ငှက်ပျောသီးမှည့်နဲ့ တို့စားတယ်ပြောတယ်။ ကိုထက်ကတော့ ပဲသီးတောင့်အရှည်နဲ့ ကြော်စားတာပိုကြိုက်ပါတယ်။ ဒီတစ်ခါတော့ ထိုင်းသွားတုန်းကစားခဲ့တဲ့ ပုစွန်ဆီနဲ့ကြော်ထားတဲ့ ထမင်းကြော်အတိုင်း ကြော်စားဖြစ်ပါတယ်။ သူတို့က ဆားကြက်ဥကိုပြုတ်ပြီး ပြင်ပေးတယ်။ အိသက်ကတော့ ပုစွန်အစပ်နဲ့ပဲ စားလိုက်ပါတယ်။ ပုစွန်အဆီထုတ်တာလေးပါ ရေးပေးလိုက်ပါတယ်။ သပ်သပ်အလုပ်ရှုပ်မခံချင်လည်း ပုစွန်လတ်လတ်လေးတွေကို သန့်စင်ပြီး ဆီပူထဲမှာကြော်ရင် အနှစ်လေးများ ကျလာပါတယ်။ ရိုးရိုးထုတ်သလောက်တော့ မရဘူးပေါ့နော်။

►   ပါဝင်ပစ္စည်းများ

♦   ပုစွန်လတ်လတ်လေးများ   –   ၇-၈ ကောင်

♦   ပဲတောင့်ရှည်   –   နည်းနည်း (လှီးပြီးသား)

♦   Ready Made သီးစုံ –   လိုသလောက်

♦   ကြက်ဥ   –   ၂ လုံး

♦   ချင်း   –   နည်းနည်း

♦   ကြက်သွန်ဖြူ   –   ၂ မြွှာ

♦   ဆား၊ ကြက်သားမှုန့်   –   ၂ ဇွန်း

♦   ပုစွန်အဆီ   –   စားပွဲဇွန်း ၄ ဇွန်းစာ

♦   ထမင်း   –   ၂ ပွဲစာ

►   ပြုလုပ်နည်း

၁။        ပုစွန်ခေါင်းကိုခွာကာ ချေးထုတ်ပြီး ပုစွန်ဆီနီရဲရဲလေးများကို ဓားနဲ့ခြစ်ထုတ်လိုက်ပါ။ တော်တော် များများရလာရင် သိမ်းထားပြီး ခဲထားလိုက်လို့ ရပါတယ်။ (စိတ်ရှည်ရင်ပေါ့)

၂။        ခုအိသက်က အလွယ်နည်းနဲ့ပဲ ပုစွန်လေးများကို ကြော်လိုက်ပါတယ်။ ပုစွန်ခေါင်းက အနှစ်လေး များကျလာပါမယ်။ ကြော်ပြီး ဆီများကိုစစ်လိုက်ရင် ပုစွန်ဆီအနှစ်လေးများရနိုင်ပါတယ်။

၃။        အဲဒီဆီနဲ့ ကြက်ဥမွှေကြော်ကာ ဖယ်ထားပါ။

၎။        ပုစွန်ကြော်ဆီများများနဲ့ပဲ ထောင်းထားတဲ့ ချင်းနည်းနည်း၊ ကြက်သွန်ဖြူ  ၂ မြွှာတို့ကို ကြော်လိုက်ပါ။

၅။        ပြီးရင် လှီးပြီးသားပဲတောင့်ရှည်နည်းနည်း၊ Ready Made သီးစုံတို့ ရောကြော်လိုက်ပါ။

၆။        ပြီးမှ ထမင်းထည့်ရောကြော်ပါ။ ဖယ်ထားသော ကြက်ဥကြော်များ၊ ဆား၊ ကြက်သားမှုန့် ၂ ဇွန်း ထည့်ပြီး သမအောင်မွှေကြော်ပါ။ နှံ့ပြီဆိုရင် ပုစွန်အစပ်ကြော်၊ သခွားသီး၊ မုန်လာဥတို့ဖြင့် တွဲဖက်စားသုံးနိုင်ပါပြီ။

http://htetfamily.com/ and www.facebook.com/Danuphyu Daw Saw Yee – Ei Thet

Facebook Comments