ပုစွန်ဆိတ် ဂွေးသီးငါးပိကြော်

by Chef Thit Htoo for Food Magazine

          တစ်နေ့က ဂွေးသီးနုနုလေးတွေ ဈေးမှာတွေ့လို့ ပုစွန်ဆိတ်ကလေးနဲ့ ငါးပိကြော်လေးကြော်ဖို့ တွေးပြီး ဝယ်ဖြစ်ခဲ့တယ်။ တကယ်တော့ ကျွန်တော့်ငါးပိကြော်က နာမည်ခံသက်သက် ငါးပိကြော်ပါ။

          အပေါ့စားတတ်တဲ့ ကျွန်တော့်အနေနဲ့ စိမ်းစားငါးပိကို ပါတယ်ဆိုရုံလေး ထည့်ကြော်ပြီး ငံပြာရည်လေးအနံ့သင်းရုံ ထည့်ကြော်ထားတာလေးပါ။ အစပ်အတွက်ကတော့ ရှမ်းငရုတ်ခြောက်လေး သုံးထားပါတယ်။

ပါဝင်ပစ္စည်းများ

ဂွေးသီးအနု  –  ၁၀ လုံး (ပါးပါးလှီးပြီး)

ပုစွန်ဆိတ်  –  ၁၀ ကျပ်သား

ဆီ  –  ထမင်းစားဇွန်း     ၃ ဇွန်း

ကြက်သွန်နီဥကြီး  –  ၁ ခြမ်း (စဉ်းပြီး)

ကြက်သွန်ဖြူ  –  ၃ မြွှာ (စဉ်းပြီး)

ရှမ်းငရုတ်ခြောက်  –  ၅ တောင့်

စိမ်းစားငါးပိ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငံပြာရည်  –  ထမင်းစားဇွန်း       ၁ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

နံနံပင်  –  ၄ ပင် (စဉ်းပြီး)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဆီအိုးကိုအပူပေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် နနွင်းမှုန့်တို့ကို ထည့်၍ ဆီသတ်ပါ။ ငရုတ်ခြောက်များထောင်းပြီး ထည့်ပေးပါ။

၂။       အနံ့မွှေးပြီး ကြက်သွန်များ ရေခြောက်လျှင် ပုစွန်နဲ့ လှီးထားသော ဂွေးသီးများ ထည့်၍ မွှေပေးပါ။

၃။       ငံပြာရည်ဖျန်းထည့်ပြီး ဆား၊ သကြားတို့ကို တစ်ပါတည်းနှံ့အောင် ထည့်မွှေပေးပါ။

၎။       ရေနွေးအနည်းငယ်ထည့်ပြီး ဂွေးသီးများပျော့လာလျှင် နံနံပင်များ ခတ်ပေးပြီး ချက်ပြုတ်ခြင်းကို အဆုံးသတ်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments