ပုစွန်ဆိတ်အစပ်ချက် (Spicy Baby Shrimp Curry)

by Sofia for Food Magazine

ပါဝင်ပစ္စည်းများ

ပုစွန်ဆိတ်  –  ၂၀ဝ ဂရမ်

ကြက်သွန်ကြော်  –  ၁ ပန်းကန်

ခရမ်းချဉ်သီး  –  ၂ လုံး

ကြက်သွန်ဖြူ  –  ၃ မြွှာ

ငရုတ်သီးစိမ်းအပွရှည်တောင့်  –  ၅ တောင့်

ဆား  –  အနည်းငယ်

ငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

ဆီ  –  ၅ ဇွန်း

နံနံပင်  –  အနည်းငယ်

ပြင်ဆင်ချက်ပြုတ်ပုံ

၁။       ကြက်သွန်ကြော်မသုံးဘဲ အစိမ်းသုံးပါက ၅ လုံးခန့်ကို ပါးပါးစိတ်ထားပါ။ ခရမ်းချဉ်သီး သေးသေး စိတ်ထားပါ။ ကြက်သွန်ဖြူသေးသေးစိတ်ထားပါ။ ငရုတ်သီးစိမ်းကို အကွင်းလိုက်လေးများ လှီးဖြတ်ထားပါ။

၂။       ရေဆေးပြီး ရေစစ်ထားသော ပုစွန်ဆိတ်ကို ဆီပူမှာ အရောင်အနည်းငယ်ရအောင် ကြော်ထားပါ။ အစိမ်းလည်း ထည့်ချက်နိုင်ပါတယ်။

၃။       အားလုံးအဆင်သင့်ဖြစ်ပါက အိုးထဲ ဆီထည့်ပြီး ကြက်သွန်ကြော်ပါ။ အနီရောင်သန်းလာပါက ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူထည့်ပြီး ကြေအောင် ချက်ပေးပါ။

၎။       ဆားနှင့်ငံပြာရည်၊ ပုစွန်ဆိတ်ကြော်ထားသည်ကို ထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး အနှစ်ကျသည်အထိ ချက်ပေးပါ။

၅။       အနှစ်ကျပါက ငရုတ်သီးစိမ်းလှီးထားသည်ကို ထည့်ပါ။

၆။       ဆီပြန်လုံးလာပါက အရသာအပေါ့အငန်မြည်းပြီး နံနံပင်အုပ်၍ မီးဖိုမှချကာ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

Facebook Comments