ပုစွန်ချိုချဉ် (Sweet and Sour Prawn)

by Sofia for Food Magazine

          ဆီပြန်ဟင်းတွေစားနေရတာ ရိုးနေလို့ အပြောင်းအလဲအဖြစ် ချက်စားနိုင်အောင် ပုစွန်ချိုချဉ်ပြုလုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။ ပုစွန်ချိုချဉ်အစား ငါးအသားချိုချဉ်၊ ကြက်ချိုချဉ်လည်း ချက်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၁၀ ကောင်

အကြော်မှုန့်  –  ၁၀ဝ ဂရမ် (ဂျုံမှုန့်သုံးလိုပါက ကြက်ဥဖြင့် ရောပါ။)

ကြက်သွန်နီ  –  ၁ လုံး

မုန်လာဥနီ  –  အနည်းငယ်

ငရုတ်ချို  –  တစ်ခြမ်း

ခရမ်းချဉ်သီး  –  တစ်ခြမ်း

ကြက်သွန်မြိတ်  –  ၂ ပင်

သခွားသီး  –  အနည်းငယ်

နာနတ်သီး  –  အနည်းငယ် (မထည့်လည်း ရပါတယ်)

ဆား  –  လိုသလောက်

သကြား  –  စားပွဲဇွန်း ၂ ဇွန်း

သံပရာသီး  –  တစ်ခြမ်း

ငရုတ်ဆီ (သို့) ခရမ်းချဉ်သီးအနှစ်  –  ၅ ဇွန်း

ရေ (သို့) ကြက်ပြုတ်ရည်  –  ပန်းကန်လုံး ၁ လုံး

ကော်မှုန့်  –  ၂ ဇွန်း

ဆီ  –  ကြော်ရန်

ချက်ပြုတ်နည်း

၁။       ဦးစွာ ပုစွန်ကို အခွံနွှာ၍ အမြီးချန်ပြီး ကျောခွဲထားပါ။

၂။       ပန်းကန်လုံး ၁ လုံးမှာ အကြော်မှုန့်ကို ပျစ်နေအောင် ဖျော်ပါ။ ဂျုံမှုန့်ကို သုံးလိုပါက ကြက်ဥ ၁ လုံး ထည့်ပြီး ဖျော်ပါ။

၃။       ဆီအိုးတည်ထားပြီး ပုစွန် ၁ ကောင်ချင်းစီ မုန့်နှစ်ပျစ်ပျစ်ကပ်ကာ ဆီပူမှာ အရောင်ရသည်အထိ ထည့်ကြော်ပေးပါ။ အရောင်ရပါက ဆယ်ယူပြီး ဆီစစ်ထားပါ။

၎။       ကြက်သွန်နီကို အမြှောင်းကြီးတုံးပြီး အလွှာလွှာထားပါ။ မုန်လာဥနီ၊ သခွားသီး၊ ငရုတ်ချိုနှင့် နာနတ်သီးတို့ကို ခပ်ကြီးကြီးစိတ်ထားပါ။ ခရမ်းချဉ်သီး အမြှောင်းကြီး စိတ်ထားပါ။ ကြက်သွန်မြိတ်ကို လက်တစ်ဆစ်ခန့် ဖြတ်ထားပါ။

၅။       အားလုံးအဆင်သင့်ဖြစ်ပါက အိုးထဲ ဆီအနည်းငယ်ထည့်ပြီး ပါဝင်ပစ္စည်းများမှ ခရမ်းချဉ်သီး၊ ကြက်သွန်မြိတ်မှအပ အားလုံး ထည့်ကြော်ပါ။ အကြာကြီးမကြော်ရပါ။

၆။       ကြက်သွန်အရောင်ပြောင်းပါက ကြက်ပြုတ်ရည် (သို့) ရေ ပန်းကန်လုံး ၁ လုံးစာ ထည့်ပါ။ ကြော်ထားသော ပုစွန်လုံးကြော်ထည့်ပါ။

၇။       အရသာဖြည့်စွက်ပါ။ စိတ်ကြိုက် ချိုချဉ်အရသာရပါက ကော်မှုန့် ၁ ဇွန်းကို ရေ ၂ ဇွန်းဖြင့် ဖျော်ပြီး ဟင်းအိုးထဲ ဖြည်းဖြည်းလောင်းထည့်ကာ ခပ်မြန်မြန်မွှေပေးပါ။

၈။       အရသာအပေါ့အငန်မြည်းပြီး ကြက်သွန်မြိတ်နှင့် ခရမ်းချဉ်သီးထည့်ကာ ပန်းကန်မှာ တည်ခင်း သုံးဆောင်နိုင်ပါပြီ။

***     သီးနှံများကို ပျော့အောင် မကြော်ရပါ။

Facebook Comments