
22 - February - 2017
ပုစွန်ချဉ်စပ်ပေါင်း (Steamed Assam Prawns)
► ပါဝင်ပစ္စည်းများ
♦ ပုစွန် – 450 gm
♦ ဖက်ဖယ်ရွက် – ၂ ရွက်
♦ မန်ကျည်းမှည့်ရည် – ၆ ဇွန်း
♦ ပဲတောင့်ရှည် – ၃ တောင့်
♦ ရုံးပတီသီး – ၃ တောင့်
♦ ခရမ်းသီး – တစ်လုံးရဲ့ တစ်ဝက်
♦ ခရမ်းချဉ်သီး – ၁ လုံး
♦ ကာရီပေါင်ဒါ – စားပွဲဇွန်း တစ်ဇွန်း
(Fish Curry Powder)
♦ ရေ – ၂ဝဝ ml
♦ ဆီ – စားပွဲဇွန်း ၄ ဇွန်း
♦ ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
♦ သကြား – စားပွဲဇွန်း တစ်ဝက်
♦ ဆား – လက်ဖက်ရည်ဇွန်း တစ်ဝက်
♦ သံပရာသီး – ၁ လုံး
► အနှစ်အတွက်ထောင်းရန်ပါဝင်ပစ္စည်းများ
♦ ငရုတ်သီးခြောက် – ၆ တောင့်
(အစေ့ထုတ်ပြီး ပြုတ်ထားပါ။)
♦ ကြက်သွန်နီ – 60 gm
♦ ကြက်သွန်ဖြူ – ၃ မြှောင့်
♦ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
♦ ပတဲကော – 5 gm
♦ စပါးလင် – ၁ ချောင်း
♦ ငါးပိ – လက်ဖက်ရည်ဇွန်း တစ်ဝက်
(ကင်ပြီးသား)
► ပြုလုပ်ပုံအဆင့်ဆင့်
၁။ အနှစ်အတွက် လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ထောင်းထားပါ။
၂။ ပုစွန်ကိုသန့်ရှင်းအောင်ဆေးပြီး ဆားနှင့်နယ်ပါ။
၃။ ပြီးရင် ပေါင်းအိုးနဲ့ဆံ့မယ့်ပန်းကန်ပြားမှာထည့်ပြီး ပေါင်းအိုးတွင်ပေါင်းပါ။ ၁၅-၂ဝ မိနှစ်လောက်ပေါင်း ရပါမယ်။
၎။ ပုစွန်ပေါင်းနေစဉ်မှာ ဆော့စ်ချက်ရမှာပါ။
၅။ ထောင်းထားတဲ့အနှစ်ကို ဆီသတ်ထားပါ။
၆။ အနံ့မွှေးလာရင် မန်ကျည်းရည်၊ ရေထည့်ပါ။ ပြီးရင် ဖက်ဖယ်ရွက်၊ အရသာအတွက် ကြက်သားမှုန့်၊ သကြား၊ ဆားတို့ထည့်ပါ။
၇။ နောက် ဒယ်အိုးတစ်လုံးမှာ ဆီ၂ ဇွန်းထည့်ပြီး ကြက်သွန်နီကို ဆီသတ်ပေးပါ။ မွှေးလာသည်နှင့် ချက်ထားတဲ့ ဆော့စ်ပါ။
၈။ ဆူလာရင် ခရမ်းသီး၊ ပဲတောင့်ရှည်နဲ့ ရုံးပတီသီးထည့်ပါ၊
၉။ ဟင်းသီးဟင်းရွက်နူးရင် ခရမ်းချဉ်သီးထည့်ချက်ပါ။
၁ဝ။ ပြီးရင်သံပရာရည်ညှစ်ပြီး ပေါင်းထားတဲ့ပုစွန်ပေါ်မှာ လောင်းထည့်ပြီး စားသုံးနိုင်ပါပြီ။