ပုစွန်ချဉ်စပ်ဟင်း

by အံ့ဝင့်ထွဋ် (MRTV-4) for Food Magazine

ပါဝင်ပစ္စည်းများ

ပုစွန် (သန့်စင်ပြီး)  – ၃၅၀ ဂရမ်

ငရုတ်သီး  –  ၇ တောင့်ခန့်

ခရမ်းချဉ်သီး  –  ၁ လုံး

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၄ မြွှာ

ငရုတ်နှစ်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

စပါးလင်  –  ၁ ချောင်း

ဆား  –  အနည်းငယ်

နနွင်းမှုန့်  –  အနည်းငယ်

ငံပြာရည်  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

နံနံပင်  –  အနည်းငယ်

သံပရာသီး  –  အနည်းငယ်

ပြုလုပ်ပုံအဆင့်ဆင့်

၁။       ပုစွန်ကို နနွင်းမှုန့်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်၊ ဆားအနည်းငယ် တို့ဖြင့် နယ်ထားပါ။

၂။       ကြက်သွန်ဖြူ/နီ တို့ကို ကြိတ်ပြီး နနွင်းမှုန့်ဖြင့် ဆီသတ်ပါ။ အနံ့မွှေးလာပြီဆိုလျှင် ငရုတ်နှစ်ထည့်ပေးပါ။

၃။       ခရမ်းချဉ်သီး (နုပ်နုပ်စဉ်း) နှင့် ငရုတ်သီးစိမ်း (နုပ်နုပ်စဉ်း)နှင့် စပါးလင်တို့ကို ထည့်ပါ။

၎။       အရသာများထည့်ပါ။ ရေကို လိုအပ်သလို ထည့်ပြီး ဟင်းအနှစ်ချက်ပေးပါ။

၅။       ဟင်းအနှစ်ရပြီဆိုလျှင် ပုစွန်ထည့်ပြီး သံပရာရည်ထည့်ပါ။

၆။       နံနံပင်ကို နုပ်နုပ်စဉ်းပြီး ထည့်ပါ။

၇။       အနံ့အရသာပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments