ပိန်းဥြွကပ်ကြော်

by အံ့ဝင့်ထွဋ် for Food Magazine

ဒီဟင်းလျာလေးက ဟင်းအနေနဲ့ပဲဖြစ်ဖြစ်၊ သရေစာ အနေနဲ့ပဲဖြစ်ဖြစ် စားလို့ရမယ့် ဟင်းလျာလေးပါ။ သက် သတ်လွတ်စားချင်သူများအတွက်လည်း သင့်တော်သလို သားသား၊ မီးမီးတို့လည်း ကြိုက်နှစ်သက်မယ့် ဟင်းလျာ လေးပါ။

 

ပါဝင်ပစ္စည်းများ

ပိန်းဥ –  ၁ လုံး (၃၀ဝ ဂရမ်)

ကော်မှုန့် –  စားပွဲဇွန်း ၂ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်ကောင်းမှုန့် –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြော်ရန် ဆီ

တွဲစားရန် ဆော့စ် –  Sweet Chilli Sauce , Tomato Ketchup, Mayonaise

 

ပြုလုပ်နည်း

၁။       ဦးစွာ ပိန်းဥကို အခွံနွှာပြီး သေချာရေဆေးပါ။

၂။       ပိန်းဥကို လက်ချောင်းအရွယ် အချောင်းများ လှီးဖြတ် ပါ။

၃။       ဖြတ်ထားပြီးသား ပိန်းဥများကို ဆား၊ ငရုတ်ကောင်း မှုန့်နှင့် နယ်ပါ။

၎။       ကော်မှုန့်ဖြင့် နယ်ပါ။

၅။       အဆင်သင့်ဖြစ်ပြီဆိုလျှင် ဆီပူပူမှာြွကပ်ပြီး ကျက် သည်အထိ ကြော်ပါ။

၆။       ပိန်းဥြွကပ်ပြီး ကျက်လာပြီဆိုလျှင် ဆီစစ်၍ ပန်းကန် မှာပြင်ပြီး ကြိုက်နှစ်သက်ရာ ဆော့စ်နှင့် တွဲပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments

Menu