ပိန်းဥကြော်သုပ်

by အံ့ဝင့်ထွဋ် for Food Magazine

ပါဝင်ပစ္စည်းများ

ပိန်းဥ  –  ၁ လုံး

ကော်မှုန့်  –  စားပွဲဇွန်း ၃ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၃ ဇွန်း

ခရမ်းချဉ်သီး  –  ၁ လုံး

ကြက်သွန်နီ  –  ၁ လုံး

နံနံပင်  –  အနည်းငယ်

ငရုတ်သီးစိမ်း  –  ၅ တောင့်ခန့်

မြေပဲထောင်း  –  စားပွဲဇွန်း ၁ ဇွန်း

ပုစွန်ခြောက်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  အနည်းငယ်

ကြက်သွန်ဖြူဆီချက်  –  စားပွဲဇွန်း ၁  ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       ပိန်းဥကို အနေတော်အချောင်းများ လှီးဖြတ်၍ ကော်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ဖြင့် နယ်ပြီး ဆီပူပူမှာ ကြွပ်အောင် ကြော်ပါ။

၂။       ပြီးလျှင် ဆီစစ်ပြီး ဆယ်ယူထားပါ။

၃။       ဇလုံတစ်လုံးထဲ ကြော်ထားတဲ့ ပိန်းဥ၊ ပါဝင်ပစ္စည်းများ၊ အရသာများ၊ ပါးပါးလှီးဖြတ်ထားတဲ့ ခရမ်းချဉ်သီး၊ ကြက်သွန်နီနှင့် နံနံပင်တို့ကို ထည့်ပြီး နယ်သုပ်ပါ။

၎။       အရသာအနေတော်ဖြစ်ပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments