ပိန်းဥသောက်ဆမ်း

by Ko Thit Htoo for Food Magazine

          သောက်ဆမ်းကို သက်သတ်လွတ်လေးထွင်ပြီး ချက်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ပိန်းဥ (အခွံနွှာ၊ ခြမ်းပြီး)  –  ၁၀ လုံး

ကြက်သွန်ဖြူ  –  ၁ ဥ

စပါးလင်  –  ၁ ချောင်း

ငရုတ်သီးစိမ်း  –  ၄ တောင့်

ဆီ  –  အနည်းငယ်

ဆား  –  အနည်းငယ်

မန်ကျည်းမှည့်ရည်  –  စိတ်ကြိုက်

ပင်စိမ်း  –  ၂ ပင်

ပြုလုပ်နည်း

၁။       ကြက်သွန်ဖြူ၊ စပါးလင်၊ ငရုတ်သီးစိမ်းများကို ညက်အောင်ထောင်းပြီး ဆီအနည်းငယ်နဲ့ ခြောက်အောင် ဆီသတ်ပါ။

၂။       ပိန်းဥများထည့်၍ ၂ မိနစ်ခန့်မွှေပေးပြီး ရေနွေးဆူဆူ ၅၀ဝ မီလီလီတာထည့်ကာ ပိန်းဥများ နူးသည်အထိ တည်ပေးပါ။

၃။       ပိန်းဥနူးမှ မန်ကျည်းရည်၊ ဆား ခတ်၍ အရသာမြည်း၊ ပင်စိမ်းခတ်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments