ပိန်းဥဟင်းခါး

by ကိုသစ်ထူး for Food Magazine

             မိုးတွင်းစာလေးစားဖြစ်ချိန် စာဖတ်သူများကို သတိတရရှိတာနဲ့ ချက်နည်းလေး ပြန်လည်မျှဝေ ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ပိန်းဥ  –  ပန်းကန်လုံး ၂ လုံးစာ

ကြက်သွန်နီ  –  ၁ ဥ (စိတ်ပြီး)

ကြက်သွန်ဖြူ  –  ၅ မြွှာ (ထုထားပြီး)

စိမ်းစားငါးပိ  –  အနည်းငယ်

ဆား  –  သင့်တော်ရုံ ပမာဏ

ငရုတ်ကောင်း  –  လက်ဖက်ရည်ဇွန်း တစ်ဝက် (အမည်းမှုန့်)

ပုစွန်ဆိတ်  –  ၂၀ ကောင် (အမြီးဖြုတ်သန့်စင်ပြီး)

ပင်စိမ်းရွက်  –  ၃ ခက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။  ရေကို ပန်းကန်လုံးနဲ့ ၃ လုံးစာ ဆူအောင်တည်ပြီး ပင်စိမ်းမှလွဲ၍ ကျန်ပစ္စည်းများအားလုံးထည့် တည်ပေးပါ။

၂။  ပိန်းဥများနူးအိလာလျှင် ပုစွန်ခြောက်များ ဖွဖွ ထောင်းထည့်၊ ပင်စိမ်းရွက်ခတ်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments