ပိန်းဥချဉ်ပေါင်ခါးဟင်း

by Myint Oo Tha for Food Magazine

          ပိန်းဥကိုချက်စားတဲ့သူ နည်းသလို ချဉ်ပေါင်ခါးကို ချက်စားတဲ့သူလည်းနည်းတဲ့အပြင် ဒီနှစ်မျိုးကိုတွဲပြီး ချက်တဲ့ဟင်းဆိုတော့လည်း ပိုလို့လူသိနည်းပြန်ပြီပေါ့။ အဲဒါကြောင့် ရှားပါးပြီး လူသိနည်းတဲ့ မြန်မာဟင်းတစ်မျိုးကို မိတ်ဆက်ပေးချင်တဲ့အတွက် ရွေးဖြစ်သွားတာပါ။

ပါဝင်ပစ္စည်းများ

ပိန်းဥ  –  ၃၅၀ ဂရမ်

ချဉ်ပေါင်ခါး  –  ၁ စည်း

ငါးခူ  –  ၂၅၀ ဂရမ် (အနေတော်အရွယ်တုံးထားပါ)

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နနွင်း  –   လက်ဖက်ရည်ဇွန်း တစ်ဝက်

ငါးပိစိမ်းစား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငံပြာရည်  –  စားပွဲဇွန်း ၂ ဇွန်း

နံနံပင်  –  ၃ ပင်

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ရေ  –  ၇၅၀ ဂရမ်

ထောင်းရန် လိုအပ်တာတွေကတော့-

ကြက်သွန်နီ  –  ၁၂၀ ဂရမ်

ကြက်သွန်ဖြူ  –  ၄ မြွှာ

ငရုတ်သီးအရောင်တင်မှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပိန်းဥကိုပြုတ်ပြီး တုံးထားပါ။

၂။       ငါးကို ဆား၊ နနွင်းနယ်ထားပါ။

၃။       ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးကို ရောပြီး ထောင်းထားပါ။

၎။       ပြီးလျှင် အားလုံးရောပြီး လုံးချက် ချက်ပါ။ ငံပြာရည်ထည့်ပါ။

၅။       ပြီးလျှင် ပိန်းဥ၊ ချဉ်ပေါင်ခါးနှင့် ရေထည့်ပြီး ချက်ပါ။

၆။       ရေဆူလျှင် ငါးပိစိမ်းစားထည့်ပါ။

၇။       ငါးပိနံ့ပျောက်ပြီးလျှင် နံနံပင်ခတ်ပါ။

www.facebook.com/Myint Oo Tha

Facebook Comments