ပါစတာအလိမ်နှင့် ကြက်သားလုံး (Spirals Pasta with Chicken Meat Ball)

by Syi Lwin Foods Garden for Food Magazine

          ပါစတာအလိမ်နှင့် ကြက်သားလုံးကို တစ်ခါတလေ အခုလို အပြောင်းအလဲအရသာဖြင့် အိမ်သားတွေအတွက် ချက်ကျွေးလိုက်နော်။ စိတ်ချ ကျိန်းသေကြိုက်သွားစေရမယ်။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၄၈၀ ဂရမ် (တောက်တောက်စဉ်း)

ကြက်သွန်ဖြူ  –  ၂ မြွှာ (ဓားပြားရိုက်ပြီး နုပ်နုပ်လှီးထားပါ)

ပါစတာအလိမ်  –  ၁ ခွက် (ဆား၊ ဆီ ထည့်ပြီး ပြုတ်ထားပါ)

ချယ်ရီခရမ်းချဉ်သီး  –  ၁၅ လုံး  (ထက်ခြမ်း ခြမ်းထားပါ)

ငရုတ်ပွစိမ်း  –  ၁ ခြမ်း (အတုံးသေးသေးလှီးထားပါ)

ပင်စိမ်း  –  ၃ ပင် (အရွက်များ ခြွေထားပါ)

သံလွင်သီးနက်  –  ၁၅ – ၂၀ လုံး

ပါစတာအနှစ်  –  စားပွဲဇွန်း ၆ – ၇  ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း

ငရုတ်ကောင်းမည်း  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၂  ၁/၂ ဇွန်း

Mozzarella ချိစ်  –  ၂ ချောင်း (အတုံးအသေးလေးများ တုံးထားပါ)

Parmesan ချိစ်  –  စားပွဲဇွန်း ၈ ဇွန်း (ခြစ်ပြီးသားအမှုန့်)

ပြုလုပ်နည်း

၁။       အသားလုံးလုပ်ရန် ဖန်ဇလုံထဲ ကြက်တောက်တောက်စဉ်း၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့် သေချာနယ်ပါ။ လက်ဖဝါးထဲ အသားကို အနေတော်ထည့်ပြီး ပြားလိုက်ပါ။ ပြီးလျှင် မိုဇရီလာ ချိစ်တုံးကို အသားပြားအလယ်မှာ ထည့်ပြီး လက်ဝါးနှစ်ဖက်ဖြင့် အလုံးလေးတွေ လုံးပါ။

၂။       မကပ်သောဒယ်အိုးထဲ ဆီထည့်ပြီး အပူပေးပါ။ ဆီပူလာလျှင် အသားလုံးများ ထည့်ကြော်ပါ။ အသားလုံးများ ရွှေရောင်သန်းလာလျှင် ကြက်သွန်ဖြူ၊ ချယ်ရီခရမ်းချဉ်သီး၊ သံလွင်သီးနက်၊ ငရုတ်ပွစိမ်းများထည့်တည်ပါ။ ပြီးလျှင် ၅ – ၇ မိနစ်ခန့် တည်ပါ။ ချိစ်မှလွဲ၍ ကျန်ပါဝင် ပစ္စည်းများအားလုံး ထည့်တည်ပါ။ အရသာမြည်းပြီး လိုတာထပ်ဖြည့်ပါ။ ပန်းကန်ထဲ ပါစတာထည့်ပြီးမှ အပေါ်ကနေ ချိစ်ဖြူးပြီး သုံးဆောင်ပါ။ အသားလုံးများကို ကိုက်စားလိုက်လျှင် အထဲမှ ချိစ်အရသာနဲ့ဆိုတော့ စားတဲ့သူတွေကို အံ့အားသင့်သွားစေပါတယ်။

Facebook Comments