ပအိုဝ်းပဲပုပ်ကြော်

by သစ်ထူး for Food Magazine

ပအိုဝ်းပဲပုပ်ဆိုတာ ရှမ်းပဲပုပ်လို အခြောက်မဟုတ်ဘဲ အစိုအိအိအခဲလေးတွေပါ။ ၅ ရက်ဈေးက ပဲပုပ်တန်းကို ရောက်လျှင် ပဲပုပ်နံ့ထောင်းထောင်းထလို့နေတာပါပဲ။ ညဝတ်အင်္ကျီ ကြယ်သီးခပ်ကြီးကြီးတွေလို အခဲလေးတွေကို ထောင်းခြေပြီး ချက်တဲ့ ချက်နည်း ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ပအိုဝ်းပဲပုပ်  –  ၁၀ ကျပ်သား

ကြက်သွန်ဖြူ  –  ၁၀ မြွှာ

ဆီ  –  ထမင်းစားဇွန်း ၅ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

ငရုတ်ခြောက်  –  ၁၀ တောင့်

ကြက်သွန်မြိတ်  –  ၁၀ ပင်

ဆား  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပဲပုပ်အခဲလေးတွေကို အားလုံးပေါင်းစည်းသွားအောင် ထောင်းပေးပြီး ခဏဖယ်ထားပါ။

၂။       ငရုတ်ခြောက်များ၊ ကြက်သွန်ဖြူများ ညက်အောင်ထောင်း၊ နနွင်းမှုန့် ထည့်ပြီး ဆီသတ်ပေးပါ။

၃။       ထောင်းပြီးသား ပဲပုပ်များထည့်၊ ဆားထည့်ပြီး ပဲပုပ်တွေကြေပြီး ဆီနှံ့အောင် မွှေထားပေးပါ။

၎။       ဆီပြန်ပြီး မွှေးလာလျှင် ကြက်သွန်မြိတ် လှီးထည့်၊ မွှေပေးပြီး သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments