ပလာတာနာချိုစ်နဲ့ မရောနိစ် ကဏန်းချောင်းကြက်ဥသုပ်

ပလာတာနာချိုစ်နဲ့ မရောနိစ် ကဏန်းချောင်းကြက်ဥသုပ်

          ဒီတစ်ခေါက်တော့ အေးခဲထားတဲ့ ပလာတာနဲ့ အဆာပြေမုန့် လုပ်နည်းလေး တင်ပေးဖို့ဖြစ်ပါတယ်။ အေးခဲပလာတာများကို City Mart ဆိုင်တွေမှာ အများအားဖြင့်ရနိုင်ပြီး ပလိန်းပလာတာ၊ ကြက်သွန်နီ ပလာတာစသည်ဖြင့် မိမိနှစ်သက်ရာ အသုံးတည့်ရာကို ရွေးချယ်ဝယ် ယူနိုင်ပါတယ်။ လုပ်နည်းလေးကြည့်လိုက်ရအောင်…

   ပါဝင်ပစ္စည်းများ

♦   အေးခဲပါလာတာ   –   ၂ ချပ်

♦   သံလွင်ဆီ   –   အနည်းငယ်

   အသုပ်အတွက်

♦   ကြက်ဥ (ပြုတ်ပြီး)   –   ၂ လုံး

♦   ကဏန်းချောင်း   –   ၂ ချောင်း (သေးသေးစဉ်းထားပါ)

♦   မရောနိစ်   –   စားပွဲဇွန်း ၅ ဇွန်း

♦   ကြက်သွန်ဖြူ (စဉ်းပြီး)   –   လက်ဖက်ရည်ဇွန်း တစ်ဝက်

   ပြုလုပ်နည်းအဆင့်ဆင့်

၁။      ကြက်ဥပြုတ်များကို အကာများ သတ်သတ် စဉ်းပေးထားပါ။

၂။      ကြက်ဥအနှစ်များကို  မရောနိစ်၊ ကြက်သွန်ဖြူစဉ်းပြီးသားတို့ နှင့်ရောပြီး သမအောင်မွှေပါ။

၎။      ကြက်ဥအကာစဉ်းပြီးသား၊ ကဏန်းချောင်းစဉ်းပြီးသားများကို ကြက်ဥ၊ မရောနိစ်အနှစ်နှင့် ရောမွှေပေးပြီး ပန်းကန်တစ်ခုမှာ ထည့်ပြီးထားပါ။

၅။      ပလာတာပြားများကို ပီဇာဖြတ်သလို ၈ စိတ်ပိုင်းဖြတ်ပြီး သံလွင်ဆီနည်းနည်းဖြင့် ဒယ်ပြားပေါ်မှာ ရွှေဝါရောင်သန်းလာသည်အထိ ၂  ဖက်ညီညီကြော်ပေးပါ။ အားလုံးဆီစစ်ပြီးလျှင် အသင့်ပြုလုပ် ထားသော အနှစ်ဖြင့်တို့ပြီး အပျင်းပြေစာ၊ အဆာပြေစာအဖြစ် သုံးဆောင်နိုင်ပါပြီ။

www.facebook.com/MY FOODIES (mm)

Vol 6, No 9, September, 2017 လထုတ် Food Magazine

Facebook Comments