ပန်းဂေါ် ဖီနှင့် အာလူးချက် (India Style) (သက်သတ်လွတ်)

by Myint Oo Tha for Food Magazine

          Indian စတိုင်လ် အရန်ဟင်းတစ်ခွက်ပါ။ ရိုးရှင်းပြီး အရသာရှိပါတယ်။ အသားမှုန့်၊ လုံးဝ သကြားမပါပေမယ့် အရသာကတော့ အရမ်းကောင်းပါတယ်။ မဆလာနံ့လေး သင်းနေတဲ့ဟင်းမို့ ထမင်းဖြူနဲ့ လိုက်ဖက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပန်းဂေါ် ဖီ  –  ၁ ပွင့် (၃၇၀ ဂရမ်)

အာလူး  –  ၃၈၀ ဂရမ်

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

မဆလာ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နနွင်းမှုန့်  –  အနည်းငယ်

ဆီ  –  စားပွဲဇွန်း ၃ ဇွန်း

အနှစ်အတွက် လိုအပ်တာတွေကတော့-

ခရမ်းချဉ်သီး  –  ၂၅၀ ဂရမ်

ကြက်သွန်နီ  –  ၈၀ ဂရမ် (ပါးပါးလှီးထားပါ)

ချင်း  –  ၃၀ ဂရမ်

ကြက်သွန်ဖြူ  –  ၄၀ ဂရမ်

လိုအပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကတော့-

သစ်ကြံပိုးခေါက်  –  ၁ ချောင်း

ဇီရာ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဖာလာစေ့  –  ၃ စေ့

စမုန်စပါး  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

မဆလာ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ပြုလုပ်နည်း

၁။       ပန်းဂေါ်ဖီကို အပွင့်သေးသေးလှီးထားပါ။ ပြီးလျှင် အာလူးကို အတုံးသေးသေး တုံးထားပါ။

၂။       ပန်းဂေါ်ဖီနှင့် အာလူးကို ကြော်ရန် ဒယ်အိုးထဲ ဆီထည့်ပါ။ ဆီပူလျှင် ပန်ဂေါ်ဖီနှင့် အာလူးထည့်ပြီး ကြော်ပါ။ ဆားထည့်ပါ။

၃။       ပြီးလျှင် နနွင်းမှုန့်နှင့် မဆာလာထည့်၍ အညိုရောင်သန်းသည်အထိ ကြော်ပြီး ဆယ်ယူထားပါ။

၎။       ဟင်းအနှစ်ချက်ရန်အတွက် ဆီအိုးကိုတည်ပြီး ဟင်းခတ်အမွှေးအကြိုင်အားလုံးထည့်ပါ။ ပြီး လျှင် ကြက်သွန်နီထည့်ပြီး ဆီသတ်ပါ။

၅။       ကြက်သွန်နီပျော့လျှင် ထောင်းထားတဲ့ ချင်းနှင့် ကြက်သွန်ဖြူ ထည့်ပြီး ဆီသတ်ပါ။

၆။       ပြီးလျှင် ခရမ်းချဉ်သီးထည့်ပြီး မွှေပါ။

၇။       ပြီးလျှင် စောစောက ကြော်ထားတဲ့ ပန်းဂေါ်ဖီနှင့် အာလူးထည့်ပြီး ချက်ပါ။

၈။       လိုအပ်ပါက ဆားထပ်ပြီး ထည့်ပါ။

Facebook Comments