ပင်လယ်စာနှင့် သီးနှံစုံတန်ပူရာကြော်၊ ကိုရီးယားထမင်းလိပ်နှင့် ကင်မ်ချီဟင်းချို (Seafood & Vegetable Tempura with Gim-Bab & Kim-Chi Soup)

by Chef Sunny for Food Magazine

          ဒီလအတွက် ဖော်ပြပေးလိုက်တဲ့ ဟင်းလျာအတွဲလေးကတော့ ဂျပန်အစားအစာနဲ့ ကိုရီးယားအစားအစာ ပြင်ဆင်ချက်ပြုတ်နည်းလေးတွေကို အခြေခံပြီး ပြင်ဆင်ထားတဲ့ “ပင်လယ်စာနှင့် သီးနှံစုံတန်ပူရာကြော်၊ ကိုရီးယားထမင်းလိပ်နှင့် ကင်မ်ချီဟင်းချို}တို့ပါပဲ။ ပင်လယ်စာဆိုပေမယ့် ကဏန်းပျော့နဲ့ ကျားပုစွန်နှစ်မျိုးတည်းကိုပဲ သုံးထားတာပါ။ သီးနှံစုံကတော့  အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ရောထားပါတယ်။ ရိုးရှင်းတဲ့ ချက်ပြုတ်နည်းလေးပါပဲ။ ကိုရီးယားထမင်းလိပ်နဲ့ ကင်မ်ချီဟင်းချိုကလည်း ရိုးရှင်းပြီး အရသာထူးခြားပါတယ်။ ချဉ်ငန်စပ်ကြိုက်ကြတဲ့ မြန်မာတွေအတွက်တော့ ကွက်တိ ထမင်းမြိန်စေမှာပါ။ ကဲ… ပြင်ဆင်ချက်ပြုတ်နည်းလေး ကြည့်လိုက်ရအောင် … OK

ပင်လယ်စာနှင့် သီးနှံစုံတန်ပူရာကြော်

ပါဝင်ပစ္စည်းများ

ကဏန်းပျော့  –  ၃  ကောင်

ကျားပုစွန်  –  ၃  ကောင်

တန်ပူရာအမှုန့်  –  ၁၀ဝ  ဂရမ်

ကြက်ဥ  –  ၁  လုံး

ရေသန့်  –  ၈၀  မီလီလီတာ

နေကြာဆီ  –  ၁  လီတာ (ဆီမြုပ်ကြော်ရန် )

ဂျပန်ပဲငံပြာရည်အကြည်  –  ၃၀  မီလီလီတာ

ဝါဆာဘီအနှစ်  –  ၅  ဂရမ်

ရွှေဖရုံသီး  –  ၅၀  ဂရမ်

ခရမ်းသီး  –  ၅၀  ဂရမ်

ဇူခီးနီး (ဖရုံသခွားသီး)  –  ၅၀  ဂရမ်

မုန်လာဥနီ  –  ၅၀  ဂရမ်

ကညွတ်  –  ၅၀  ဂရမ်

ဖူဂျီပန်းသီး  –  ၅၀  ဂရမ်

ပန်းသီးအနီ  –  ၅၀  ဂရမ်

ပန်းသီးအစိမ်း  –  ၅၀  ဂရမ်

ပန်းသစ်တော်သီး  –  ၅၀  ဂရမ်

ရာဒီးချို ဆလတ်နီရွက်  –  အနည်းငယ်

ဆလတ်စိမ်းရွက်  –  အနည်းငယ်

ပြုလုပ်နည်း

၁ ။      အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များအားလုံးကို သန့်စင်ပြီး ထူထူလှီးထားပါ။

၂ ။      တန်ပူရာအမှုန့်၊ ကြက်ဥနှင့် ရေတို့ကို သေချာစွာ ရောမွှေပြီး မုန့်နှစ်ပြင်ဆင်ထားပါ။

၃။       အိုးထဲ နေကြာဆီကို ဦးစွာ အငွေ့ထွက်လာသည်အထိ (၁၈၀  ဒီဂရီ စင်တီဂရိတ်ခန့်) အပူပေးထားပါ။

၎။       အသင့်လှီးထားသော အသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များကို တစ်မျိုးချင်းစီ သေချာစွာ တန်ပူရာအမှုန့်နှင့် ဦးစွာသုတ်လိမ်းပြီးမှ အသင့်ဖျော်စပ်ထားသော တန်ပူရာမုန့်နှစ်ထဲ စိမ်ပြီး ဆီပူထဲသို့ ဖြည်းဖြည်းချင်း ကြွပ်သည်အထိ ကြော်ပါ။

၅။       အသီးအနှံများကြော်ပြီးပါက ကဏန်းပျော့နှင့် ကျားပုစွန်ကိုလည်း အထက်ပါနည်းအတိုင်း ဆီမြုပ်ကြော်ထားပါ။

၆။       အသင့်ကြော်ထားသော ပင်လယ်စာနှင့် သီးနှံစုံတန်ပူရာကြော်များကို ဂျပန် ပဲငံပြာရည်အကြည်နှင့် ဝါဆာဘီအနှစ်တို့ ပေါင်းစပ်ထားသော ဆော့စ်နှင့် တွဲဖက်တည်ခင်းပါ။ ဆလတ်စိမ်းရွက်၊ ရာဒီးချိုဆလတ်နီရွက်တို့နှင့် အလှဆင်ပါ။

ကင်မ်ချီဟင်းချို

ပါဝင်ပစ္စည်းများ

စမုန်နက်ရိုး  –  ၁၀ဝ  ဂရမ်

ကြက်သွန်နီ  –  ၂  လုံး

ကင်မ်ချီချဉ်  –  ၁၆၀  ဂရမ်

ကိုရီးယားဟင်းချိုအနှစ်  –  ၁၅  ဂရမ်

ရေသန့်  –  ၁  လီတာ

ကြက်သားမှုန့်  –  ၃၀  ဂရမ်

စမုန်နက်အရွက်  –  ၃  ရွက် ( အလှဆင်ရန် )

ကုဆိုင်ရွက်  –  ၁၅  ဂရမ်

ပြုလုပ်နည်း

၁။       စမုန်နက်ရိုးနှင့် ကြက်သွန်နီကို လှီး၍ ရေနွေး ၁ လီတာထဲမှာ ထည့်ချက်ပြီး ကင်မ်ချီချဉ်ကိုလည်း ၁ လက်မခန့်  အရှည်လှီးဖြတ်၍ ထည့်ချက်ထားပါ။

၂။       ကိုရီးယားဟင်းချို အနှစ် ၁၅  ဂရမ် ထပ်ဖြည့်ပေးပြီး အရသာကို ကြက်သားမှုန့် အနည်းငယ်ဖြင့် ထိန်းညှိထားပါ။

၃။       ဟင်းချိုကျက်လျှင် ကုဆိုင်ရွက်အုပ်ပြီး စမုန်နက်ရွက်နှင့် အလှဆင်တည်ခင်းပါ။

ကိုရီးယား ထမင်းလိပ်

ပါဝင်ပစ္စည်းများ

ရှမ်းဆန်  –  ၄၄၀  ဂရမ်

ကောက်ညှင်းဆန်  –  ၂၂၀  ဂရမ်

ကြက်အူချောင်း  –  ၃ ဂရမ်

ကြက်ဥ  –  ၂  လုံး

ကဏန်းသား  –  ၂  ချောင်း

သခွားသီး  –  ၁/၂  လုံး

မုန်လာဥနီ  –  ၁/၂  လုံး

နှမ်းဆီမွှေး  –  ၃၀ မီလီလီတာ (ထမင်းနှင့် အသီးအရွက်များအတွက် သုံးရန် )

ပဲငံပြာရည်  –  ၂  ဇွန်း

ရေညှိပြား  –  ၁ ထုပ်

နေကြာဆီ  –  ၁  ဇွန်း (ကြက်ဥကြော်ရန်)

ဆား  –  ၅  ဂရမ် (ထမင်းနယ်ရန်)

ဆလတ်စိမ်းရွက်  –  အနည်းငယ်

ရာဒီးချိုဆလတ်နီရွက်  –  အနည်းငယ်

ပြုလုပ်နည်း

၁။       ရှမ်းဆန်နှင့် ကောက်ညှင်းဆန်ကို ၁း ၂ ဖြင့် ရောစပ်ပြီး ရေကို ဆန်အပေါ် လက်တစ်ဆစ်ခန့် ထည့်၍ ပေါင်းချက်ထားပါ။

၂။       ကြက်ဥကို ကြေအောင်ခေါက်ပြီး ဆီအနည်းငယ်ဖြင့် အချပ်လိုက်ကြော်၍ အမျှင်ထူထူလေး ပြန်လှီးထားပါ။

၃။       ကြက်အူချောင်း၊  ကဏန်းသားနှင့်  အသီးအနှံများအားလုံးကို အလျားလိုက်လှီးပြီး နှမ်းဆီမွှေးနှင့် ပဲငံပြာရည်အနည်းငယ်တို့ဖြင့် ကြော်ထားပါ။

၎ ။      အသင့်ချက်ထားသော ထမင်းဖြူကို နှမ်းဆီမွှေး ၊ ဆား အနည်းငယ်တို့ဖြင့်  အရသာသွင်း နယ်ထားပြီး ရေညှိရွက်ပေါ်မှာ ဖြန့်ခင်း၍ အသင့်ပြင်ဆင်ထားသော ကြက်အူချောင်း၊ ကဏန်းသားချောင်း၊ ကြက်ဥကြော်နှင့် အသီးအနှံစုံတို့ကို  အဆာသွတ်၍ လိပ်ထားပါ။

၅ ။      အသင့်လိပ်ထားသော ထမင်းလိပ်ကို နှမ်းဆီမွှေး အနည်းငယ် သုတ်လိမ်းပါ။ လှီးဖြတ်မည့် ဓားကိုလည်း နှမ်းဆီမွှေး အနည်းငယ် သုတ်လိမ်းပြီးမှ ညီညာစွာလှီးဖြတ်၍ ရာဒီးချို ဆလပ်နီရွက်နှင့် အလှဆင်တည်ခင်းပါ။

Facebook Comments