ပင်လယ်စာသောက်ဆမ်း

by Ko Thit Htoo for Food Magazine

          ပင်လယ်စာနဲ့ ချဉ်ချဉ်စပ်စပ်သောက်ဆမ်းလေးကို ဒီမိုးမရပ်သရွေ့ ချက်စားနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပြည်ကြီးငါး  –  ၁ ကောင်

ဆယ်လမွန်ငါး  –  ၁ တုံး

ကမာ  –  ၅ ခု

ရခိုင်မျှင်ငါးပိ  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၄ မြွှာ

စပါးလင် –  ၁ တောင့်

ငရုတ်သီးစိမ်းမီးဖုတ်  –  ၄ တောင့်

ငရုတ်ကောင်းအမည်း (လှော်ပြီး)  –  ၁၀ စေ့

ဆီ  –  အနည်းငယ်

ငံပြာရည်  –   အနည်းငယ်

မန်ကျည်းရည်  –   စိတ်ကြိုက်

ဆား  –  ချိန်ဆထည့်ရန်

ပင်စိမ်း  –  ၂ ပင်

ပြုလုပ်နည်း

၁။       ပြည်ကြီးငါးကို အကွင်းလိုက်လှီးပြီး ကမာ၊ ငါးပိ၊ ကြက်သွန်ဖြူ  ဓားပြားရိုက်တို့နှင့် ရော၍ ရေနွေးဆူဆူ ၁ လီတာမှာ ၃ မိနစ်ပြုတ်ထားပါ။ နောက်ဆုံး ၁ မိနစ်မှာ ဆယ်လမွန်ငါးကို အလွှာလေးများလှီးပြီး ထည့်ပါ။ ပင်လယ်စာအဖတ်များကို အရင်ဖယ်ထားပြီး ကျန်တဲ့အရည်မှ အနယ်များ စစ်ထုတ်ထားပါ။ ပြုတ်ရည်ကို ချန်ထားပေးပါ။

၂။       စပါးလင်၊ ငရုတ်သီးစိမ်းနှင့် ငရုတ်ကောင်းတို့ကို ရောပြီးထောင်းထားပါ။

၃။       ဆီအနည်းငယ်အပူပေးပြီး ထောင်းထားသောအဆာများကို ဆီနှင့်လှိမ့်ပေး၍ ဆီသတ်ပြီး ခြောက်လာလျှင် ပြုတ်ထားသောပင်လယ်စာများထည့် ပေးပါ။ မွှေမပေးဘဲ အိုးလှုပ်ပေးပြီး အနည်စစ်ထားသော ပြုတ်ရည်ထည့်ပါ။ ဆူအောင်တည်ပြီး အရသာအတွက် ငံပြာရည်၊ ဆားနှင့် မန်ကျည်းရည်တို့ကို စိတ်ကြိုက်ချိန်ဆထည့်ပါ။ နောက်ဆုံးမှာ ပင်စိမ်းအုပ်ပေးပြီး အဆုံးသတ်နိုင်ပါပြီ။

Facebook Comments