နံနက်စာ ဆန်ပြားကြော်

by သစ်ထူး for Food Magazine

          ဆန်ပြားကြော်ကို စားကြသူအများစုက စပ်စပ်လေး ကြော်စားတတ်ကြပါတယ်။ ဒီတစ်ခါမှာတော့ နံနက်စာအဖြစ် ကြော်စားလို့ရမယ့် ဆန်ပြားကြော်လေးကို ကြော်ပေးလိုက်ပါတယ်။ ပုစွန်ဆိတ်လေးတွေ၊ ပဲပြား လေးတွေနဲ့ အဆိမ့်လေးကြော်ထားတာကြောင့် မနက်စာ အရသာပြင်းရှရှ မစားလိုသူတွေအတွက် အထူးသင့်လျော်မယ့် ချက်နည်းလေး ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ဆန်ပြား  –  ၂၀ ကျပ်သား

ကြက်သွန်ဖြူ  –  ၃ မြွှာ (ဓားပြားရိုက်ပြီး)

ပဲပြား  –  ၂ တုံး (ပါးပါးလှီးပြီး)

မုန်လာဥနီ  –  (ပါးပါးလှီးပြီး)

ကိုက်လန်ရွက်  –  အနည်းငယ် (ြွေခပြီး)

ပုစွန်ဆိတ်  –  ပန်းကန်လုံး တစ်ဝက်

ဆီ  –  ထမင်းစားဇွန်း ၃ ဇွန်း

ပဲငံပြာရည်  –  ထမင်းစားဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ခရုဆီ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

တရုတ်မဆလာ  –  အနည်းငယ်

ပဲပင်ပေါက်  –  လက်တစ်ဆုပ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဆီအိုးကို အပူပေးပြီး ကြက်သွန်ဖြူများကို ဆီသတ်ပါ။ တိုဟူးများ၊ ကိုက်လန်ရွက်နှင့် ပုစွန်ဆိတ်တို့ကို ထည့် ကြော်ပေးပါ။

၂။       ပဲပြားများအပြင်ကြောများတင်းပြီး ပုစွန်များအရောင်ပြောင်းလျှင် ဆန်ပြားများ ထည့်၍မွှေပေးပါ။

၃။       ပဲပင်ပေါက်မှလွဲပြီး ကျန်ပါဝင်ပစ္စည်းများ အရသာအတွက် ထည့်ပြီး စိတ်ကြိုက်ပြင်ဆင်နိုင်ပါတယ်။ ဒီအဆင့်မှာ မီးကိုပြင်းပြင်းတင်ပြီး မီးနံ့ရအောင် ကြော်ပေးရပါမယ်။ နောက်ဆုံးမှ တရုတ်မဆလာထည့်၊ အနည်းငယ်မွှေပေး၊ မီးပိတ်ပြီးလျှင် ပဲပင်ပေါက်ထည့်၍ အပူငွေ့နဲ့လုံးပြီး နှံ့အောင်မွှေပေးလိုက်ပါ။ အားလုံးပြီးလျှင် သုံးဆောင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။

www.facebook.com/MY FOODIES (mm)

Facebook Comments