ဒူးရင်းသီးလာဗာစပန့်ကိတ် (Durian Lava Sponge Cake)

by သစ်ထူး for Food Magazine

၈ လက်မ အဝိုင်း ၁ ဝိုင်းစာ

          ဒီနည်းကတော့ ပထမလုပ်ထားတဲ့ Sponge Cake ကိုပါ အသုံးချပြီး Texture ၃ မျိုး ဖြစ်သွားအောင် ဖန်တီးထားတဲ့နည်းဖြစ်ပါတယ်။ ရေခံပြီးပေါင်းတဲ့နည်းဖြစ်လို့ Oven မသုံးလည်း အဆင်ပြေပါတယ်။ Oven အပူချိန်ကတော့ ထုံးစံအတိုင်း ၁၈၀ ဒီဂရီ စင်တီဂရိတ်ပါပဲ။ ကြိုတင်ပြီး အပူပေးထားလိုက်ပါ။

ပါဝင်ပစ္စည်းများ

ဒူးရင်းသီးအနှစ်  –  ၁၀ဝ ဂရမ်

သကြား  –  ၅၀ ဂရမ်

နွားနို့  –  ၁၀ဝ ဂရမ်

ကြက်ဥ  –  ၅ လုံး

၈ လက်မ Sponge ကိတ်  –  ၁ ချပ် (လက်မဝက်အထူလွှာပြီး)

ပြုလုပ်နည်းအဆင့်ဆင့်

၁။       နွားနို့၊ သကြားကို ကြေအောင်ဖျော်၊ ကြက်ဥကို ဖွဖွခေါက်ထည့်ပြီး အဆီခဲများ မပါအောင် ဆန်ခါချပါ။

          (ကြက်ဥခေါက်တာပြင်းလျှင် အပွများပြီး အေးသွားလျှင်လည်း  ပြန်ကျုံ့တတ်လို့ ကြည့်မကောင်းပါ။)

၂။       ဒူးရင်းသီးအနှစ်များနဲ့ရောပြီး မွှေပါ။

၃။       ၈ လက်မကိတ်ခွက်မှာ အရည်များဖြည့်ပြီး အရည်ပေါ်မှာ Sponge Cake အဝိုင်း လွှာပြီးသားတစ်ချပ်တင်၊ လင်ဗန်းတစ်ချပ်မှာ ရေခံထည့်၊ မီးဖိုမှာ ၃၅ မိနစ် ထည့်ဖုတ်ပေးပါ။ အချိန်ပြည့်တဲ့အခါ ကိတ်ခွက်ကို ပန်းကန်ပြားမှာမှောက်ချပြီး ကိတ်ကို အပြင်ထုတ်ပါ။ Sponge Cake အသားက အောက်ဘက်မှာ အခံဖြစ်ပြီး ဓားနှင့်လှီးလိုက်လျှင် အနှစ်လေးတွေလည်း အလယ်မှာ မခဲတခဲအနေအထား ကျန်နေပါလိမ့်မယ်။

www.facebook.com/MY FOODIES (mm)

Facebook Comments